Local News: မုံရွာသတင်းထောက် အသတ်ခံရမှု ကြိုးကိုင်သူတွေပါ အရေးယူဖို့ စစ်ကိုင်းဝန်ကြီးချုပ် တိုက်တွန်း

နည်းဥပဒေနဲ့အညီလုပ်တာကို ပံ့ပိုးကူညီပေးမယ်လို့လည်း ပြောခဲ့ပါတယ်။

play

 

Eleven Media သတင်းထောက် ကိုစိုးမိုးထွန်းအသတ်ခံရမှုမှာ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူတွေကိုပါ အရေးယူပေးဖို့ စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဇနီးတို့က မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်က သတင်းထောက် ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံတုန်းမှာ အမှုစစ်ဆေးနေတဲ့ မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်ကို တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘တပည့်ကို လွှတ်သတ်မှာ ပဲ။ သုံးယောက်သတ်လို့ အဲဒီသုံး ယောက်ပဲ အရေးယူတာမလုပ်ပါ နဲ့။ ဖော်ပြီးရင် အဲဒီအမှုကို အဆုံး အထိလိုက်ပေးပါ။ ဒီသုံးယောက်က တရားခံဆိုပေမဲ့ နောက်ကွယ်က ကြိုးကိုင်သူအထိ လိုက် ပေးပါ။ အဲဒီလိုလုပ်လာလို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနဲ့အညီလုပ် တာကို ကျွန်တော်လိုချင်တယ်။ ဥပဒေ၊ နည်းဥပဒေနဲ့အညီလုပ်တာကို ကျွန်တော်ပံ့ပိုးကူညီပေးမယ်’’လို့ ဒေါက်တာမြင့်နိုင်က ပြောခဲ့ပါတယ်။

ဒီအမှုအတွက် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး တိုင်းဒေသကြီး မှုခင်းအကူရဲတပ်ဖွဲ့၊ မုံရွာခရိုင် မှုခင်းရဲတပ်ဖွဲ့၊ မုံရွာမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ စီအိုင်ဒီအဖွဲ့တို့ ပူးပေါင်းပြီး  နေ့စဉ်စစ်ဆေးမှုတွေ ဆောင်ရွက်နေကာ လက်ရှိအချိန်အထိ မသင်္ကာသူ ၃၀ ကျော်ကို စစ်ဆေးထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Monywa Gazette

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ