Local News: အမေရိကန်ဒေါ်လာဈေး ပြန်ကျလာပြီ

ကားတင်သွင်းဖို့ အာမခံတင်ထားတဲ့ စပေါ်ငွေတွေပြန်ထုတ်နေလို့ ဈေးပြန်ကျလာတာပါ။

တစ်ဦးချင်း ကားတင်သွင်းမယ့်သူတွေက ဒီနှစ်မကုန်ခင် ကားတင်သွင်းဖို့ လက်လျော့လိုက်ပြီး အာမခံတင်ထားတဲ့ စပေါ်ငွေတွေ ပြန်ထုတ်နေလို့ အမေရိကန်ဒေါ်လာဈေးက တစ်ဒေါ်လာကို ၅၀ ကျပ်လောက်ကျဆင်းလာတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က အမေရိကန်တစ်ဒေါ်လာကို ၁၄၂၀ ရှိတာကနေ ညနေပိုင်းမှာတော့ ၀ယ်ဈေး ၁၃၇၀ ကျပ်နဲ့ ရောင်းဈေး ၁၃၈၀ အထိပြန်လည်ကျဆင်းခဲ့ပြီး ဈေးကွက်ထဲမှာတော့ ရောင်းချင်တဲ့သူတွေများနေပြီး အ၀ယ်မရှိသလောက်ဖြစ်သွားတယ်လို့ ဆိုပါတယ်။

play

 

လက်ရှိအချိန်မှာတော့ တစ်ဦးချင်းကားတင်သွင်းမယ့်သူတွေ အာမခံတင်ဖို့က ဒေါ်လာ ဆယ်သန်းဝန်းကျင်လောက်ပဲရှိတော့ပြီး အာမခံငွေ ပြန်ထုတ်ထားတဲ့သူတွေက ဒေါ်လာတွေကို ပြန်ထုတ်ရောင်းနေကြလို့ ဒေါ်လာဈေးပြန်လည်ကျဆင်းနေတာလို့  မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်းဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

Source : 7DayTV

Photo : MBT

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ