Local News: ရခိုင်ပြည်နယ်အရေးကို ကူညီမယ့်နည်းလမ်းရှာဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူ

ဒီဇင်ဘာလ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

play

 

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ထဲမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို ပြောကြားခဲ့ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကလည်း ရခိုင်အရေးအတွက် မြန်မာနိုင်ငံကို ကူညီဖို့ နည်းလမ်းတွေရှာသွားမယ်လို့ ပြောခဲ့ပါတယ်။

“ရှုပ်ထွေးနက်နဲလှသည့် ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးနှင့်အပြုသဘောဆောင်စွာ ဆွေးနွေးဖြစ်ခဲ့ပါသည်။ (ရခိုင်ပြည်နယ်အတွက်) လူသားချင်း စာနာ ထောက်ထားမှုများ အတူတကွ ခွဲဝေ ပေးအပ်သွားရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်”လို့  စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

ဘင်္ဂါလီပြဿနာတွေက အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့သက်ဆိုင်တဲ့ အရေးကိစ္စတစ်ခုဖြစ်တယ်လို့ မလေးရှားနိုင်ငံကဆိုခဲ့ပြီး ဘင်္ဂါလီလူမျိုးတွေအတွက်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပူးပေါင်းပေးအပ်ဖို့နဲ့ ဘင်္ဂါလီတို့ညှဉ်းပန်း နှိပ်စက်ခံနေရသည်ဟူသော စွပ်စွဲချက်တွေကို စုံစမ်း ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ကြောင်း ဆွေးနွေးပွဲကိုတက်ရောက်သတင်းရယူခဲ့တဲ့ Channel News Asia သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုများ၊ အခြေအနေအရပ်ရပ်တို့နဲ့ ပတ်သက်ပြီး အလွတ်တန်းသဘောမျိုး တွေ့ဆုံမှုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားမှုနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

Source : The Voice

Photos : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ