Local News: အသတ်ခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ အလောင်းတွေ မလေးရှားဆေးရုံတစ်ရုံမှာ သောင်တင်နေ

ပိုင်ရှင်မရှိတာကြောင့် အလောင်းလာထုတ်ဖို့ မလေးရဲက အကြောင်းကြားလာတာဖြစ်တယ်။

play

 

အသတ်ခံရတဲ့ မြန်မာနိုင်ငံသား အလောင်းနှစ်လောင်းဟာ မလေးရှားနိုင်ငံ ဆီလန်ဂေါ ပြည်နယ်၊ ဘန်တီးဆေးရုံမှာ ပိုင်ရှင်မရှိဘဲ သောင်တင်နေတယ်လို့ သိရပါတယ်။

မြန်မာလုပ်သားနှစ်ဦးဟာ စည်သူဝင်း(နိုင်ငံကူးလက်မှတ်အမှတ် -MA699443) နဲ့ ဒုက္ခသည်ကတ်ကိုင်ဆောင်ထားသူ မွန်စိုး(UNHCR ကတ်အမှတ် -354-10C 09800)တို့ဖြစ်ပြီး ပိုင်ရှင်မရှိတာကြောင့် သင်္ဂြိုဟ်နိုင်ခြင်းမရှိဘဲ ဘန်တီးဆေးရုံမှာ သောင်တင်နေတာ ဖြစ်ပါတယ်။

အလောင်းတွေက အောက်တိုဘာလတုန်းက အသတ်ခံရတာလို့ သိထားရပြီး အလောင်းကို သင်္ဂြိုဟ်ဖို့ ပိုင်ရှင်မရှိတာကြောင့် အလောင်းလာထုတ်ဖို့ မလေးရဲက အကြောင်းကြားလာတာဖြစ်တယ်လို့ ကပုန်း (၇) ရက် သားသမီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောထားပါတယ်။

သေဆုံးသူနှစ်ဦးကို    မီးသင်္ဂြိုဟ်ရေးအပါအ၀င် နာရေးကိစ္စတွေ ဆောင်ရွက်နိုင်ဖို့  မိသားစုဝင်တွေရဲ့ သဘောတူညီချက် လိုအပ်တာကြောင့် သေဆုံးသူရဲ့မိသားစုဝင်တွေ ကွာလာလမ်ပူမြို့  မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားဖို့  ထုတ်ပြန်ထားပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ