Local News: သုံးလသား ကလေးဗိုက်ထဲက မှားယွင်းသန္ဓေ သုံးမြွှာပူးကို အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့

ဒီဇင်ဘာလ ၁၉ ရက်က နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံကြီးမှာ ခွဲစိတ်ခဲ့တာပါ။

play

 

မိခင်ရဲ့ ၀မ်းဗိုက်ထဲမှာ လေးမြွှာပူးသန္ဓေတည်ရမယ့် သန္ဓေသားတွေက မိခင်ဆီမှာတစ်ဦးပဲ သန္ဓေတည်မွေးဖွားခဲ့ပြီး ကျန်သုံးဦးက မွေးဖွားပြီးတဲ့ ကလေးငယ်ရဲ့ ၀မ်းဗိုက်ထဲမှာ မှားယွင်းသန္ဓေတည်နေတာကို အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

"ကမ္ဘာ့အနေနဲ့ရော မြန်မာနိုင်ငံအနေနဲ့ပါထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့မှတ်တမ်းမှတ်ရာတွေကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင် ပုံမှန်မွေးတဲ့ ငါးသိန်းထဲမှာ ဖြစ်နိုင်ခြေက တစ်ယောက်ပဲရှိတယ်။ ကမ္ဘာ့မှတ်တမ်းအနေနဲ့ ဒီအချိန်အထိ ခုနှစ်ရာလောက်ပဲ ရှိသေးတယ်"လို့ နေပြည်တော် ကုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ နော်မာသေးက ပြောပါတယ်။

play

 

ဒီလိုထူးခြားတဲ့ ဒီဖြစ်စဉ်မျိုး ဖြစ်ခဲ့တဲ့ သုံးလသားအရွယ် ကလေးငယ်ရဲ့ ဝမ်းဗိုက်ထဲက သုံးမြွှာပူးသန္ဓေသားကို နေပြည်တော် ကုတင်တစ်ထောင်ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှာ ဒီဇင်ဘာ ၁၉ရက်က အောင်မြင်စွာ ခွဲစိတ်ဖယ်ထုတ် နိုင်ခဲ့တာပါ။

ဒီခွဲစိတ်မှုကို ပြုလုပ်ပေးခဲ့တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာနော်မာသေးကတော့ ဒီလိုဖြစ်ရပ်က ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းကလည်း ဒီလိုဖြစ်ရပ်မျိုးကြုံတွေ့ခဲ့သေးတယ်လို့ ဆိုပါတယ်။

Source & Photos : MizzimaTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ