Local News: မသမာတဲ့နည်းတွေနဲ့ လျှောက်ထားလို့ တစ်ဦးချင်းကားတင်သွင်းခွင့် ရပ်ဆိုင်း

သေပြီးသားလူတွေရဲ့ မှတ်ပုံတင်သန်းခေါင်စာရင်းနဲ့ လာလျှောက်တာရှိတယ်လို့ ဆိုပါတယ်။

 

မသမာတဲ့နည်းလမ်းတွေနဲ့ တစ်ဦးချင်းကားတင်သွင်းခွင့် လာရောက်လျှောက်ထားနေကြလို့ တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခွင့်တွေ ရပ်ဆိုင်းလိုက်တယ်လို့  စီးပွားကူးသန်း ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဦးမင်းမင်းက ပြောပါတယ်။

တစ်ဦးချင်းကားတင်သွင်းခွင့်ပါမစ်တွေကို ဘယ်အချိန်အထိရပ်ဆိုင်းထားမယ်ဆိုတာ မထုတ်ပြန်နိုင်သေးလို့ အမှန်တကယ် ကားတင်သွင်းမယ့်သူတွေအတွက် နစ်နာမှုရှိနေတယ်လို့လည်းဆိုပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် လိမ်ပြီးလျှောက်တာတွေဖြစ်လာတယ်။ ပိုဆိုးတာက သေပြီးသားလူတွေရဲ့ မှတ်ပုံတင်သန်းခေါင်စာရင်းနဲ့ လာလျှောက်တာရှိတယ်"လို့ ဦးမင်းမင်းက ပြောပါတယ်။

play

 

၂၀၁၆ ခုနှစ်အတွက် ကားတင်သွင်းခွင့်လျှောက်ထားမှုကို ဒီဇင်ဘာလ ၂၃ ရက်မှာ ရပ်ဆိုင်းမယ်လို့ ကြေညာထားပေမဲ့ ဖရီးပါမစ်နဲ့ ကားတင်သွင်းခွင့် လျှောက်ထားတာကို ဒီဇင်ဘာလ ၁၉ ရက်က ရန်ကုန် ကုန်သွယ်ရေး ဦးစီးဌာနရုံးနဲ့ ၂၀ ရက်မှာ နေပြည်တော်ရုံးတွေမှာ အသီးသီး ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်အထိ ကားတင်သွင်းခွင့်လာရောက်လျှောက်ထားသူတွေကို တုံကင် ၁၀၄၀ ထုတ်ပေးထားခဲ့ပြီး အဲဒီသူတွေကိုပဲ မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်ထုတ်ပေးသွားမှာ ဖြစ်ကာ အကြမ်းဖျင်းစစ်ဆေးမှုတွေအရ အတုပြုလုပ်ပြီး လျှောက်ထားသူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

Source : 7DayTV

Photo : MBT

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ