Local News: မူလတန်းပြဆရာမကို ပါးရိုက်တဲ့ ကျောင်းအုပ်ကို ခုံရုံးဖွဲ့စစ်ဆေးမယ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ သင်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ ဖြစ်ပွားခဲ့တာပါ။

play

 

မူလတန်းပြဆရာမကို ပါးရိုက်ခဲ့တယ်ဆိုတဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ သင်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှကျောင်းအုပ်ဆရာမကြီးကို  စုံခုံဖွဲ့စစ်ဆေးသွားမယ်လို့ ကလေးခရိုင်ပညာရေမှူး ဦးအောင်ဌေးမြင့်က ပြောပါတယ်။

"တိုင်းကနေပြီးတော့စုံခုံဖွဲ့ပေးလိမ့်မယ်။ စုံခုံအဖွဲ့ကနေပြီးတော့မှ လိုအပ်တဲ့သက်သေတွေ ခေါ်မေးလိမ့်မယ်။ သက်သေတွေ အားလုံးကိုစစ်ဆေးမေးမြန်းပြီးမှအပြစ်ကိုကြည့်မယ်"လို့ ဦးအောင်ဌေးမြင့်က ပြောပါတယ်။ စုံခုံဖွဲ့စစ်ဆေးဖို့အတွက် စစ်ကိုင်းတိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၁ ရက်မှာ ကလေးမြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။

လွန်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ညက အလံတွေစုတ်ပြဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဆိုပါကျောင်းက မူလတန်းပြကျောင်းဆရာမကို ကျောင်းအုပ်ရုံးခန်းအတွင်း ခေါ်ယူစစ်ဆေးရာမှာ အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ စကားတွေပြောဆိုလို့ အချေအတင်ဖြစ်ကာ ဆံပင်ဆွဲပါးရိုက်ခဲ့တာကြောင့် အရေးယူပေးဖို့ မင်းကင်းမြို့နယ်ပညာရေမှူးရုံးကို မူလတန်းပြဆရာမကတိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ