Local News: အမတ်ဟောင်း ဘူးလက်ဦးလှဆွေနဲ့ မင်းရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ အပြန်အလှန်အမှုဖွင့်

ဆက်သွယ်ရေးပုဒ်မ ၆၆ နဲ့ အပြန်အလှန်အမှုဖွင့်ခဲ့ကြတာပါ။

play

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မင်းကျေးရွာမှာ စုန်းအတတ် တစ်ဖက်ကမ်းခပ်တတ်သူတွေရှိတယ်လို့ လူမှုကွန်ရက်မှာ စွပ်စွဲရေးသားခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့ မင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ ဆက်သွယ်ရေးပုဒ်မနဲ့ အပြန်အလှန်အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မင်းကျေးရွာမှာ စုန်းအတတ်တစ်ဖက်ကမ်းခပ်တတ်သူတွေ ရှိကြောင်း ဦးလှဆွေက လူမှုကွန်ရက်တွင်ရေးသားခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည်ချေပပြောဆိုရေးသားခဲ့တဲ့ မင်းရွာသူ မဇင်မာကြည်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ထုံးဘိုရဲစခန်းတွင်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ ဦးလှဆွေက အမှုဖွင့်ခဲ့ပြီး အဆိုပါအမျိုးသမီးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျေးရွာကနေ ဖမ်းဆီးသွားတယ်လို့ ဦးလှဆွေကို ပြန်လည်အမှုဖွင့်ခဲ့တဲ့ မင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်မြတ်က ပြောပါတယ်။

စုန်းအတတ်တစ်ဖက်ကမ်းခပ်တတ်သူဟုစွပ်စွဲ ရေးသားမှုမှာ ရွာသူရွာသားများ၏ ဂုဏ်သိက္ခာ ထိခိုက်စေသောကြောင့်ဦးလှဆွေကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့်ဂန့်ဂေါမြို့မရဲစခန်းတွင်အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ဦးတင်မြတ်က ပြောပါတယ်။

မင်းရွာသူ မဇင်မာကြည်က ဦးလှဆွေရဲ့ လက်ကျန်အချိန်နည်းနေလို့ ကိုယ့်စိတ်နဲ့ စိတ်နှုတ်ကိုထိန်းပြီး ယောနယ်သူ ယောနယ်သားတွေရဲ့ မကောင်းကြောင်းတွေကိုချိုးဖဲ့မပြောဘဲ စေတနာအမှန်ကိုချပြဖို့နဲ့ မင်းရွာကရွှေသီတာဘုရားပွဲ အကြောင်းပြုပြီး  အကြိမ်များစွာ စားဝါးခဲ့သည်ကို ပြန်ကျေးဇူးဆပ်နေသည်လောဟု မေးခွန်းထုတ်ကာ လူမှုကွန်ရက်မှာပြန် လည်ရေးသားခဲ့လို့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ