Local News: မကာအိုကို မြန်မာလုပ်သားတွေ တရားဝင် စေလွှတ်ခွင့်ပေးမယ်

လိုက်နာရမယ့် ခံဝန်ကတိတွေ သေသေချာချာ သတ်မှတ်သွားမှာဖြစ်တယ်။

play

 

မကာအိုသို့ မြန်မာအလုပ်သမားတွေ စေလွှတ်ခွင့်ကို ပြန်လည်ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေ မကာအိုသို့ စေလွှတ်မှုကို အကြောင်းကြောင်းကြောင့် ရပ်နားထားခဲ့ပေမဲ့ တရားမဝင် သွားရောက်လုပ်ကိုင်နေကြတဲ့ အရေအတွက် များနေတာကြောင့်  တရားဝင် သွားရောက်လုပ်ကိုင်နိုင်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောထားပါတယ်။

အေဂျင်စီတွေက ပို့မယ်ဆိုရင် လိုက်နာရမယ့် ခံဝန်ကတိတွေ သေသေချာချာ သတ်မှတ်သွားမှာဖြစ်ပြီး အဲဒီခံဝန်ချက်တွေ လိုက်နာနိုင်မှ ပို့ခွင့်ရရှိမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။ ကနဦးအနေနဲ့ ဟိုတယ်လုပ်ငန်းကဏ္ဍအတွက်သာ လုပ်သားတွေကို ပို့ဆောင်ခွင့်ပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မကာအိုမှာ ရရှိတဲ့ လုပ်ခလစာဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ ရရှိတဲ့ လစာနှုန်းထားထက် ပိုမိုမြင့်မားပြီး အလုပ်သမားအပေါ် အလုပ်ရှင်က သတ်မှတ်တဲ့ အရည်အချင်းတွေကလည်း မြင့်မားတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ