Local News: လူသတ်ပြီး ထွက်ပြေးလာတဲ့ ထိုင်းဆရာဝန်ကို မော်လမြိုင်မှာ ဖမ်းမိ

ခြံအလုပ်သမား ငါးဦးကို လုပ်အားခငွေမပေးဘဲ တုတ်နဲ့ရိုက်၊ ဓားနဲ့ခုတ်ကာ သတ်ဖြတ်မီးရှို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

play

 

ထိုင်းနိုင်ငံမှာ လူသတ်မှုကျူးလွန်ပြီး  ထွက်ပြေးတိမ်းရှောင်လာတဲ့ ထိုင်းနိုင်ငံသား ဆရာဝန်တစ်ဦးကို မော်လမြိုင်မြို့မှာ ဖမ်းဆီးရမိခဲ့ပြီး လဝကဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မွန်-ထိုင်းလူမျိုး အသက် (၆၂) နှစ်အရွယ် နှလုံး၊ ဆီးချိုအထူးကုဆရာဝန် ဒေါက်တာ ဆိုဖာ့ (ခ) နိုင်အောင်မင်းဟာ ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရသူဖြစ်ပြီး လူကုန်ကူးမှုနဲ့ ထပ်မံအမှုဖွင့် အရေးယူခံထားရတဲ့ တရားခံပြေးလည်း ဖြစ်ပါတယ်။

 ဒေါက်တာ ဆိုဖာ့ဟာ ၂၀၁၂ ဩဂုတ်က မြန်မာနိုင်ငံသား ခြံအလုပ်သမား ငါးဦးကို လုပ်အားခငွေမပေးဘဲ တုတ်နဲ့ ရိုက်၊ ဓားနဲ့ခုတ်ကာ သတ်ဖြတ်မီးရှို့မှုတွေ ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံဘက်ရှိ ဘူရီခရိုင်၊ ဖက်ဘူရီရဲစခန်းက အာမခံပေးရာက ထွက်ပြေးတိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ဆိုဖာ့ကို ဒီဇင်ဘာ ၁၈ ရက် ညနေ ၆ နာရီက မော်လမြိုင်မြို့ ရာမည ဟိုတယ်မှာ ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံမှာ နေထိုင်ခွင့်အထောက်အထား မရှိတာကြောင့် လဝကဥပဒေနဲ့ အမှုဖွင့်ကာ ဒီဇင်ဘာ ၂၀ ရက်က မော်လမြိုင်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos :  Zin Moe

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ