Local News: မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နားမှာ တိုက်ပွဲထပ်ဖြစ်

ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်ကနေ့ ညနေ ၅ နာရီလောက်အထိဖြစ်ပွားခဲ့တာပါ။

play

 

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ လေးမိုင်လောက်အကွာမှာ တပ်မတော်နဲ့ ပူးပေါင်းလက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုန်သွယ်ရေးဇုန်နားမှာ  လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုက်ပွဲတွေဆက်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး နမ့်တောင်းကျေးရွာမှာ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်ကနေ ညနေ ၅ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

play

 

နမ့်တောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ကုန်သွယ်ရေးဇုန် အနောက်ဘက် တောင်ကုန်းပေါ်ကနေ လက်နက်ကြီးပစ်ကူ ပေးတာဖြစ်လို့ ဒေသခံတွေ အစိုးရိမ်မလွန်ဖို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

KIA, TNLA နဲ့ MNDAA ပူးပေါင်းလက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုစတင်တိုက်ခိုက်ခဲ့လို့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ငါးရက်ကြာ ပြတ်တောက်ခဲ့ကာ တပ်မတော်က လုံခြုံရေးယူခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ