Local News: ၂၀၁၆ အတွင်း မထသလိုင်းကားတွေကို တိုင်ကြားတာ အမှုပေါင်းနှစ်ထောင်ကျော်ရှိ

အမှုပေါင်းတစ်ထောင်ကျော်ပဲ အရေးယူထားတယ်လို့ ဆိုပါတယ်။

 

 

မထသ လိုင်းကားတွေကို အကြောင်းအမျိုးမျိုးကြောင့် တိုင်ကြားတာ ဒီနှစ်မှာ အမှုပေါင်း နှစ်ထောင်ကျော်ရှိတယ်လို့ ရန်ကုန်တိုင်း မထသကနေ သိရပါတယ်။ တိုင်ကြားမှုတွေက ဖုန်းနဲ့ရော စာနဲ့ပါတိုင်ကြားလာကြတာဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်အထိ အမှုပေါင်းတစ်ထောင်ကျော်ကို အရေးယူနိုင်ခဲ့တယ်လို့ မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်ကပြောပါတယ်။

play

 

တိုင်ကြားခဲ့တဲ့ အမှုအများစုမှာ ယာဉ်စီးခပိုတောင်းတာတွေနဲ့ မချေမငံပြောတာတွေက အများဆုံးဖြစ်ပြီး ကျန်တာတွေက သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းတာတွေနဲ့ ခရီးစဉ် အစအဆုံး မပြေးဆွဲတာတွေဖြစ်တယ်လို့ ဆိုပါတယ်။

မ.ထ.သ ယာဉ်လိုင်းတွေမှာ ခရီးသွားပြည်သူတွေကို မခြေမငံပြောဆိုတာတွေနဲ့ ယာဉ်မဆင်မခြင် မောင်းနှင်တာတွေကြောင့် ပြဿနာတွေဖြစ်ပွားနေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူတာတွေ အားနည်းနေတယ်လို့ မော်တော်ယာဉ်စီနင်းသူတွေက ပြောပါတယ်။

Source : 7DayTV

Photo : cityguide

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ