Local News: လွတ်လပ်ရေးနေ့ အခမ်းအနား မဟာဗန္ဓုလပန်းခြံမှာ ပထမဆုံးကျင်းပမယ်

လွတ်လပ်ရေးနေ့မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုဖိတ်ကြားသွားမယ်လို့ ဆိုပါတယ်။

play

 

ဇန်န၀ါရီလ ၄ ရက်နေ့မှာကျရောက်မယ့် ၆၉ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ ပထမဆုံးအကြိမ် ကျင်းပမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေးက ပြောပါတယ်။

“အရင်နှစ်က လွတ်လပ်ရေး အခမ်းအနားကိုတိုင်းဒေသကြီး လွှတ်တော်မှာ ကျင်းပခဲ့တယ်။ ဒီနှစ်ပန်းခြံမှာ လုပ်မယ့် အခမ်းအနားအတွက် လွတ်လပ်ရေးနေ့မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုဖိတ်ကြားဖို့ အစီအစဉ်လည်း ရှိပါတယ်”လို့ ဦးသန်းဌေးက ပြောပါတယ်။

play

 

၂ဝ၁၇ ခုနှစ်ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်မယ့် ၆၉ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို မနက် ၄ နာရီ၂ဝ မိနစ်မှာ ကျင်းပမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေနဲ့ အစိုးရဌာန တာဝန်ရှိသူများ တက်ရောက်ကြမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံကနေ သိရပါတယ်။

Source : The Voice

Photos : yangonheritages,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ