Local News: အမြန်လမ်းမှာ မန္တလာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်

ဒီနေ့ ညပိုင်းက တိမ်းမှောက်ခဲ့တာဖြစ်ပြီး ခရီးသည်အများစု ပိတ်မိနေတယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန် - မန္တလေး အမြန်လမ်းမပေါ်မှာ  မန္တလာမင်းခရီးသည်တင်ယာဉ် တစ်စီးအရှိန်လွန် တိမ်းမှောက်ခဲ့လို့ ခရီးသည်အများစု ယာဉ်ထဲမှာပိတ်မိနေလို့ ကယ်ဆယ်ရေးလုပ်ခဲ့ရတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ မန္တလာမင်းခရီးသည်တင်ယာဉ်က ဒီနေ့ (ဒီဇင်ဘာလ ၂၂ ရက်) ည ၇ နာရီ မိနစ်၂၀ ဝန်းကျင်က မိုင်တိုင် ၉၁ မိုင် ၄ ဖာလုံနားမှာ တိမ်းမှောက်သွားခဲ့တာလို့ အမြန်လမ်းရဲတပ်ဖွဲ့စခန်း တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။

play

 

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်အများအပြား ယာဉ်ထဲမှာပိတ်မိနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး လူသေဆုံး ဒဏ်ရာရရှိတာတွေကို မသိရသေးဘဲ မြို့ချောင်း အမြန်လမ်းမီးသတ်စခန်းနဲ့ ဖြူးအမြန်လမ်း မီးသတ်စခန်းက မီးသတ်ယာဉ်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source & Photos : Myanmar Fire Services Department

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ