Local News: စစ်ကြောင်းကို ဓာတ်ပုံရိုက်သူကို သေနတ်နဲ့ ပစ်ရာက လူတစ်ဦး ထိမှန်

ကေဘယ်လိုင်းဆောက်လုပ်ရေးခွင်က   ယာယီတဲမှာ ထမင်းချက်နေတဲ့ မခိုင်ချို အမည်ရှိ အမျိုးသမီးကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

play

 

ကချင်ပြည်နယ်မှာ တပ်မတော်စစ်ကြောင်းကို ဓာတ်ပုံရိုက်သူကို  တပ်မတော်က ပစ်ခတ်ရာမှ ပစ်မှတ်လွဲချော်ပြီး အနီးဝန်းကျင်က အရပ်သား အမျိုးသမီးတစ်ဦးကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။  

စစ်သားတစ်ဦးက ဓာတ်ပုံရိုက်သူကို ဓာတ်ပုံမရိုက်ဖို့နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပြန်ပေးဖို့ ပြောကြားခဲ့ပေမဲ့ ဓာတ်ပုံရိုက်သူက  ဆိုင်ကယ်ကို မောင်းထွက်သွားတာကြောင့် ဆိုင်ကယ်ဘီးကို သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ညနေက တပ်မတော်စစ်ကြောင်းဟာ ကချင်ပြည်နယ် တနိုင်းမြို့နယ် တိန်ကောက်ကျေးရွာအရှေ့ဘက် ရွာအဝင်သို့ရောက်ရှိစဉ်မှာ တပ်မတော်မော်တော်ယာဉ်တန်းကို အဆိုပါအမျိုးသားက ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်သားက ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ဟာ ဆိုင်ကယ်ဘီးကိုမထိဘဲ ရွာအဝင်လမ်းဘေးရှိ ကေဘယ်လိုင်းဆောက်လုပ်ရေးခွင်က   ယာယီတဲမှာ ထမင်းချက်နေတဲ့ မခိုင်ချို အမည်ရှိ အမျိုးသမီးကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ