Local News: ဆယ်ကျော်သက်အရွယ် ညီအစ်မဝမ်းကွဲနှစ်ဦး ကြိုးဆွဲချသေဆုံး

အစာအိမ်က အရည်နဲ့ မိန်းမကိုယ်က အရည်တွေယူကာ ဓာတ်ခွဲခန်းတင်ထားပြီး ခန္ဓာကိုယ် ပြင်ပမှာ ဘာဒဏ်ရာမှ မရှိဘူး။

play

 

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာမှာ ဆယ်ကျော်သက်အရွယ် ညီအစ်မဝမ်းကွဲတော်စပ်သူ ကျောင်းသူနှစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူကျောင်းသူနှစ်ဦးဖြစ်တဲ့ အသက်(၁၇)နှစ်အရွယ် နဝမတန်းကျောင်းသူ မတင်တင်ခိုင်နဲ့ အသက်(၁၆)နှစ်အရွယ် သတ္တမတန်းကျောင်းသူ မယဉ်နွယ်ထွန်းတို့ဟာ မသေခင်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အကြောင်းတွေကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဦးလေးဖြစ်သူက နေအိမ်တံခါးကို ဖွင့်ကြည့်တဲ့အခါ နေအိမ်အိပ်ခန်းအတွင်းရှိ ထုပ်တန်းမှာ မယဉ်နွယ်ထွန်းနဲ့ မတင်တင်ခိုင်တို့ဟာ ပလတ်စတစ်ကြိုးနဲ့ အသီးသီးကြိုးဆွဲချကာ ကြိုးပြတ်ပြီး အောက်ကိုပြုတ်ကျသေဆုံးနေတာ ဖြစ်ပါတယ်။ အစာအိမ်က အရည်နဲ့ မိန်းမကိုယ်က အရည်တွေယူကာ ဓာတ်ခွဲခန်းတင်ထားပြီး ခန္ဓာကိုယ် ပြင်ပမှာ ဘာဒဏ်ရာမှ မရှိဘူးလို့ ရွှေလောင်း ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းက ပြောထားပါတယ်။

ကလေးတွေ ငယ်ငယ်ကတည်းက မိဘနဲ့အတူမနေရကြောင်းနဲ့ အဘိုးအဘွားတွေက လိုအပ်တာ ဝယ်ပေးတယ်ဆိုပေမဲ့ မိဘရဲ့နွေးထွေးမှုကိုတော့ မပေးနိုင်ကြဘဲ  ကလေးတွေ စိတ်ဒဏ်ရာကြောင့် အခုလိုဖြစ်ရတာဖြစ်တယ်လို့  မြောင်းမြခရိုင်ပညာရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားထားပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ