Local News: တပ်က တရားစွဲထားတဲ့ တောင်သူ ၇၂ ဦးကို အလုပ်ကြမ်းနဲ့ ထောင်တစ်လချ

ရုံးချိန်းပေါင်း ၄၂ ကြိမ်ကို တစ်နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ပြီးနောက် ယခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

တပ်သိမ်းမြေအတွင်း ၀င်ရောက်ကျူးကျော်ထွန်ယက်မှုနဲ့ တပ်က အမှုဖွင့် တရားစွဲဆိုထားတဲ့ တောင်သူ ၇၂ ဦးကို ဒီဇင်ဘာ ၂၂ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါအမှုတွဲမှာ ပါဝင်တဲ့ အသက်မပြည့်သူတစ်ဦးကို ဒဏ်ငွေ ငါးရာကျပ်နဲ့ အသက် (၇၀)ကျော် ငါးဦးကို ဒဏ်ငွေကျပ် နှစ်သောင်းစီပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပြီး တရားရုံးကို လာရောက်ခြင်းမရှိတဲ့ တောင်သူသုံးဦးကိုတော့ တရားခံပြေးအဖြစ် သတ်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလို တောင်သူ ၇၀ ကျော်လောက်ကို အစုလိုက်အပြုံလိုက် ထောင်ချတာဟာ စစ်အစိုးရလက်ထက်မှာတောင် မရှိခဲ့ဘဲ မြန်မာပြည်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ တောင်ကြီးမြို့ အခြေစိုက် တက်ကြွလှုပ်ရှားသူ ဦးတင်မောင်တိုးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး စုစုပေါင်း တောင်သူ ၉၆ ဦးဟာ အမှုရုံးချိန်းပေါင်း ၄၂ ကြိမ်ကို တစ်နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ပြီးနောက် ယခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ