Local News: မွန်ပြည်နယ်မှာ စားသုံးဖို့ မသင့်တဲ့ ငရုတ်သီးမှုန့် ၆၁ မျိုးကို သိမ်းယူ

အသည်းကင်ဆာအပြင် အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုဖြစ်ပွားစေပါတယ်။

play

 

မွန်ပြည်နယ်ဈေးကွက်အတွင်း စားသုံးဖို့မသင့်တဲ့ ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၆၁မျိုးကို သိမ်းယူနေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ် တစ်နယ်လုံးမှာ ရောင်းချနေတဲ့  ငရုတ်သီးမှုန့်အမှတ်တံဆိပ် ၇၉မျိုး နမူနာကို နေပြည်တော်မှာ စစ်ဆေးမှုပြုလုပ်ရာမှာ   စားသုံးဖို့ မသင့်တဲ့ အယ်ဖာတောက်ဆင်ဘီဝမ်း ပါဝင်မှုရှိတဲ့ အမှတ်တံဆိပ် ၆၁ မျိုးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အတွင်း သိမ်းယူသွားမှာဖြစ်ပါတယ်။

သိမ်းယူမယ့် အမှတ်တံဆိပ် ၆၁ မျိုးဟာ မော်လမြိုင်မြို့မှာ အများဆုံးရောင်းချနေပြီး အယ်ဖာတောက်ဆင်ဘီဝမ်းပါဝင်တဲ့ ငရုတ်သီးမှုန့်ကို စားသုံးမိသူတွေဟာ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာအပြင် အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုဖြစ်ပွားစေပါတယ်။

စားသုံးဖို့မသင့်တဲ့ ငရုတ်သီးမှုန့်အမှတ်တံဆိပ် ၆၁မျိုးကို မြို့နယ်တွေရဲ့ ဈေးကွက်တွေထဲမှာ သိမ်းယူမှုတွေလုပ်နေပါပြီလို့ မွန်ပြည်နယ်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံဒေါက်တာစိုးနိုင်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာလည်း ရေးသားထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ