Local News: မန္တလာမင်း အဝေးပြေးကားတိမ်းမှောက်မှု ခုနှစ်ဦးသေဆုံး ၃၀ ကျော် ဒဏ်ရာရ

ယာဉ်မောင်းနဲ့ ယာဉ်အကူမိန်းကလေးပါ သေဆုံးသွားတယ်လို့ သိရပါတယ်။

play

 

ဒီဇင်ဘာလ ၂၂ ရက် ည ၈ နာရီလောက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၉၁ နားမှာ ဖြစ်ပွားခဲ့တဲ့ မန္တလာမင်း အဝေးပြေးကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ ခုနှစ်ဦးအထိရှိလာပြီး ဒဏ်ရာရှိသူ ၃၀ ကျော်ရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

play

 

နေပြည်တော်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ မန္တလာမင်းခရီးသည်တင်ယာဉ်က ခရီးသည် ၄၅ ဦးကို တင်ဆောင်လာတာဖြစ်ပြီး မိုင်တိုင် ၉၁ မိုင်နဲ့ ၄ ဖာလုံအရောက်မှာ အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်ကို ကျော်တက်ပြီး တံတားနှစ်စင်းကြားကို ရောက်ရှိတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနဲ့ ယာဉ်အကူမယ်အပါအ၀င် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသားလေးဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေကို မြို့ချောင်းတိုက်နယ်ဆေးရုံနဲ့ ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်တွေက ကားထဲမှာပိတ်မိနေလို့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက မှန်တွေကိုခွဲပြီး ကယ်တင်ခဲ့ရတယ်လို့ အခင်းဖြစ်နေရာကို  သွားရောက်ကယ်တင်ခဲ့တဲ့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Source & Photos : 7DayDaily, Shwe Kyar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ