Local News: အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ မောင်တောဒေသမှ အမျိုးသမီးအချို့ရဲ့ ထွက်ဆိုချက် မမှန်ကန်

လာရောက်ဖို့ခေါ်ယူခဲ့ပေမဲ့  လာရောက်ခြင်းမရှိဘဲ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

play

 

အဓမ္မပြုကျင့်ခံရတယ်လို့  မောင်တောဒေသမှ အမျိုးသမီးအချို့ရဲ့ ထွက်ဆိုချက်ဟာ  မှန်ကန်မှုမရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မောင်တောဒေသမှ အမျိုးသမီးအချို့ဟာ လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ အဓမ္မပြုကျင့်ခံရတယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့တာကြောင့်  မှန်ကန်မှု ရှိ၊ မရှိ တာဝန်ရှိသူတွေက သွားရောက်စိစစ်ရာမှာ ကာယကံရှင်တွေက တိမ်းရှောင်နေပြီး သူတို့ရဲ့အိမ်နီးချင်းတွေက အဓမ္မပြုကျင့်ခံရတယ်လို့  ကျေးရွာအတွင်း မကြားမိဘူးလို့ ဖြေကြားခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပြည်တွင်း၊ ပြည်ပ မီဒီယာတွေပါဝင်တဲ့ သတင်းမီဒီယာအဖွဲ့ဟာ  ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်တွင်း  ပြောင်ပိုက်ကျေးရွာနေ မဂျာမာလီဟာ(၂၅)နှစ်နဲ့ ငါးစားကြူးကျေးရွာနေ ဒေါ်သန်းသန်း (ခ)မနိုရ်ဂျန် (၃၂)နှစ်တို့ကို တွေ့ဆုံမေးမြန်းတဲ့အခါမှာ  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်က တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့ဟာ ပြောင်ပိုက်ကျေးရွာကို သွားရောက်ပြီး ပြောင်ပိုက်ကျေးရွာ ရာအိမ်မှူး ခါလီ၊ စပယ်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး မာမတ်အီနူးနဲ့ ရပ်မိရပ်ဖတွေကို တွေ့ဆုံမေးမြန်းရာမှာ မှန်ကန်ခြင်းမရှိကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 မဂျာမာလီဟာနဲ့ ဒေါ်သန်းသန်းတို့ဟာ ပြောင်ပိုက်ကျေးရွာမှာ နေထိုင်ခြင်းမရှိဘဲ ငါးစားကြူးကျေးရွာမှာ နေထိုင်နေတာကြောင့်  လာရောက်ဖို့ခေါ်ယူခဲ့ပေမဲ့  လာရောက်ခြင်းမရှိဘဲ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ