Local News: ဈေးဗန်းပေါ် ပြတ်ကျတဲ့ ဓာတ်ကြိုးကို ဖယ်ရာက ဈေးသည်အမျိုးသမီး ဓာတ်လိုက်သေဆုံး

ဓာတ်တိုင်မှ ဓာတ်ကြိုးက ဈေးဗန်းပေါ် ပြတ်ကျခဲ့တာဖြစ်ပါတယ်။

play

 

ဈေးဗန်းပေါ် ဓာတ်ကြိုး ပြတ်ကျနေတာကို လက်နဲ့ ဖယ်လိုက်ရာက ကုန်စိမ်းသည် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခု လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်မှာ ဖြစ်ပွားခဲ့ပါတယ်။

ထန်းတပင်မြို့နယ် ပန်တိုင်ကျေးရွာနေ အသက် (၃၅)နှစ်အရွယ် အမျိုးသမီးဟာ  ဒီဇင်ဘာ ၂၂ ရက် ညနေက (၁၀)ရပ်ကွက် နတ်မောက်လမ်းထိပ်မှာ ကုန်စိမ်းရောင်းချနေတုန်း ဓာတ်တိုင်မှ ဓာတ်ကြိုးက ဈေးဗန်းပေါ် ပြတ်ကျတာကြောင့် ဖယ်ရှားစဉ်မှာ ဓာတ်လိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်ဖ၀ါးနှစ်ဖက်မှာ စုတ်ပြဲဒဏ်ရာတွေရရှိခဲ့ပြီး လှိုင်သာယာ ပြည်သူ့ဆေးရုံကို တင်ပို့စဉ်မှာ သေဆုံးခဲ့တာကြောင့် သောင်ကြီးနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ အတွင်းကလည်း လှိုင်သာယာမြို့နယ် (၁၅)ရပ်ကွက် ၁၅ ဈေးအတွင်း  ဈေးဝယ်လာသူ အမျိုးသမီးသုံးဦး ဓာတ်ကြိုးပတ်မိကာ ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ