Local News: မန္တလာမင်းယာဉ်မှောက်မှု စုံခုံဖွဲ့စစ်ဆေးမယ်

ယခင်အစိုးရလက်ထက်က ခရီးသည်ငါးဦးအထက် သေဆုံးရင် ယာဉ်လိုင်းပြေးဆွဲမှု ပိတ်သိမ်းတဲ့အထိ အရေးယူမှုပြုလုပ်ခဲ့ပါတယ်။

play

 

လူရှစ်ဦးထိ သေဆုံးစေခဲ့တဲ့ မန္တလာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်တဲ့ဖြစ်စဉ်ကို  စုံခုံဖွဲ့ စစ်ဆေးပြီးမှ အရေးယူဆောင်ရွက်မယ်လို့ သိရပါတယ်။

ယခင်အစိုးရလက်ထက်က ခရီးသည်ငါးဦးအထက် သေဆုံးရင် ယာဉ်လိုင်းပြေးဆွဲမှု ပိတ်သိမ်းတဲ့အထိ အရေးယူမှုပြုလုပ်ခဲ့ပေမဲ့  လက်ရှိအစိုးရ လက်ထက်မှာတော့ ယာဉ်တိမ်းမှောက်တဲ့အကြောင်းကို စစ်ဆေးပြီးမှ အရေးယူမှာဖြစ်တယ်လို့ နေပြည်တော်အမြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိုးမြင့်ဦးကပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ယာဉ်တိမ်းမှောက်မှုနဲ့ အမှုဖွင့်အရေးယူထားပြီး ကျန်တာကတော့ အထက်လူကြီးတွေက စစ်ဆေးပြီး ဆက်လက်အရေးယူမှုတွေ ရှိလာမှာဖြစ်ကာ ယာဉ်တိမ်းမှောက်ရတဲ့အကြောင်းရင်းကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဒုရဲမှူးကြီးကပြောထားပါတယ်။

ယာဉ်ဟာ ဖြူးမြို့အနီးမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဖြစ်ပွားတဲ့ညမှာတင် သေဆုံးသူ ခုနစ်ဦးရှိခဲ့ကာ ဒီဇင်ဘာ ၂၃ ရက် မနက်မှာ တစ်ဦးထပ်မံသေဆုံးခဲ့တာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ