Local News: လူမှောင်ခိုလှေတစ်စီးကို မောင်တောနယ်စပ်အနီး မြန်မာ့ရေပိုင်နက်ထဲမှာ ဖမ်းမိ

ဘင်္ဂါလီလူမျိုး ၂၀၀ ခန့်ကို တင်ဆောင်ကာ ထိုင်းနိုင်ငံတောင်ပိုင်းမှ မလေးရှားသို့ သွားရောက်ဖို့ ဖြစ်တယ်။

play

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ  မလေးရှားနိုင်ငံကို ပို့ဆောင်ပေးမယ့် လူမှောင်ခိုလှေတစ်စီးကို အမျိုးသားရှစ်ဦးနဲ့ အတူ မောင်တောမြို့ နယ်စပ်အနီး မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မှောင်ခိုလှေကို ဒီဇင်ဘာ ၂၃ ရက် မနက်အစောပိုင်းက မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လှေပေါ်ပါလာသူတွေကို စစ်ဆေးမေးမြန်းချက်အရ အဆိုပါမှောင်ခိုလှေဟာ ကျိုက္ခမီဆိပ်ကမ်းကနေ ဒီဇင်ဘာ ၁၉ ရက် ညနေက ထွက်ခွာခဲ့ပြီး အပြည်ပြည်ဆိုင်ရာရေလမ်းကြောင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲသို့ ဖြတ်ဝင်ကာ မောင်တောမြို့နယ် ကျောက်ပန္တုရဲ့ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အစပ်သို့ ဒီဇင်ဘာ ၂၂ ရက် ည ၁၁ နာရီခွဲမှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပွဲစားသုံးဦးကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး အဆိုပါ ပွဲစားတွေ မရောက်ရှိသေးတာကြောင့် မြန်မာ့ရေပိုင်နက်ထဲသို့ ဝင်ရောက်နေစဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မှောင်ခိုလှေနှင့်အတူ ဖမ်းဆီးရမိတဲ့ ကော့သောင်းမြို့နယ် ရွှေပြည်သာရပ်ကွက်နေ မောင်သာကဲကို စစ်ဆေးမေးမြန်းရာမှာ သူတို့ကို  ထိုင်းနိုင်ငံနေ ဘင်္ဂါလီလူမျိုး ဂျာမားဆိုသူက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ လူပို့ဆောင်ပေးဖို့ ခေါက်ကြေးပေး ငှားရမ်းခဲ့တာဖြစ်ပြီး ကျိုက္ခမီမြို့ ၀က်သိုးရပ်ကွက်နေ လှေပိုင်ရှင်  ဦးသန့်ဇင်နဲ့ ဂျာမားဆိုသူတို့ တိုက်ရိုက်ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  သူတို့ရဲ့ ခရီးစဉ်ဟာ ဘင်္ဂါလီလူမျိုး ၂၀၀ ခန့်ကို တင်ဆောင်ကာ ထိုင်းနိုင်ငံတောင်ပိုင်းမှ မလေးရှားသို့ သွားရောက်ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily, State Counsellor Office Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ