Local News: ဈေးကွက်ထဲက စားသုံးဖို့မသင့်တဲ့ ငရုပ်သီးမှုန့်တွေ ပြန်လည်သိမ်းဆည်းနေ

ငရုတ်သီးမှုန့် ၅၈ မျိုးနဲ့ မဆလာတစ်မျိုးကို အာမခံချက်မရှိတဲ့ ပစ္စည်းတွေအဖြစ် ကြေညာထားပါတယ်။

 

အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက မှိုအဆိပ်တစ်မျိုးတွေ့ရှိလို့ ပြန်သိမ်းခိုင်းထားတဲ့ ငရုပ်သီးမှုန့်တွေကို ဈေးကွက်ထဲကနေ လုပ်ငန်းရှင်တွေက ပြန်လည်သိမ်းဆည်းနေတယ်လို့ သိရပါတယ်။

မှိုဆိပ်တွေ့တယ်လို့ ထုတ်ပြန်ထားတဲ့တံဆိပ်တွေကို ဈေးကွက်ထဲကနေ ပစ္စည်းအားလုံးနီးပါး ပြန်လည်သိမ်းဆည်းနေပြီး သိမ်းဆည်းတဲ့ မှတ်တမ်းတွေကိုလဲ သက်ဆိုင်ရာဌာနတွေထံ ပြန်လည်တင်ပြထားတယ်လို့ မြန်မာနိုင်ငံ ငရုပ်သီးလုပ်ငန်းရှင်များအသင်း (ယာယီ) ဥက္ကဌ ဦးသန်းလွင်က ပြောပါတယ်။

play

 

ဒါ့အပြင် ဈေးကွက်ထဲမှာရောင်းချနေတဲ့ ငရုတ်သီးမှုန့် ၅၈ မျိုးနဲ့ မဆလာတစ်မျိုးကို အရည်အသွေး အာမခံချက်မရှိတဲ့ စားသောက်ကုန် ပစ္စည်းတွေအဖြစ် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဒီဇင်ဘာလ ၂၂ ရက် မနေ့က ထပ်မံထုတ်ပြန်ကြေညာထားပါတယ်။

Source : 7DayTV

Photo : Myanmarfood

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ