Local News: ငယ်ဘ၀ကင်းထောက်အတွေ့အကြုံတွေကို ပြန်ပြောပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာကင်းထောက် ရာပြည့်အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ကင်းထောက်အဖွဲ့ရဲ့ဆောင်ပုဒ်က အမြဲတမ်းအဆင်သင့် ဖြစ်နေရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ဘ၀မှာပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုတွေအတွက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့  ကင်းထောက်ဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ သမ္မတကင်းထောက်အဖွဲ့မှာ ပထမဦးဆုံးစာမေးပွဲကို ဖြေဆိုအောင်မြင်သူတွေထဲမှာပါဝင်ခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာကင်းထောက် ရာပြည့်အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

play

 

‘‘ကျွန်မတို့ ငယ်ငယ်ကကင်း ထောက်အဆင့်မြင့်သင်တန်းတွေ မှာ စာမေးပွဲတွေဖြေဖို့အတွက် ပြင်ဆင်ရပါတယ်။ ဒီစာမေးပွဲတွေ မှာ သိဖို့၊တတ်ဖို့လိုတဲ့အထဲမှာ အမျိုးမျိုးပါပါတယ်။ ကျွန်မတစ်ခု မှတ်မိတာကတော့ ကင်းထောက် မောင်မယ်များရဲ့ စာမေးပွဲဖြေဖို့ ထမင်းချက်တတ်ရမယ်။ ကျွန်မ အဲဒီတုန်းက ထမင်းလုံးဝမချက် တတ်ဘူး။ ကင်းထောက်အများစု က ထမင်းကို ရေငှဲ့ချက်ကြတယ် ဆိုတာ ကျွန်မသဘောပေါက် တယ်။အိမ်မှာ ဘယ်တော့မှ ရေငှဲ့ မစားရဘူး။ မေမေက ကျန်းမာ ရေးကို ဂရုစိုက်တော့ရေခန်းပဲ စားရတယ်။ ထမင်းကိုရေငှဲ့ချက် လိုက်ရင် အစာအာဟာရတွေ လျော့သွားတယ်။ဒါကြောင့်မို့လို့ ကျွန်မတို့နိုင်ငံမှာ အားလုံးထမင်း ကိုရေငှဲ့မစားဘဲနဲ့ ရေခန်းချက်စား ဖို့ဆိုပြီးတော့ မေမေတို့အရင်တုန်း ကတော့ လူမှုဝန်ထမ်းဌာနအနေ နဲ့ တိုက်တွန်းခဲ့တဲ့အချိန်မှာ အိမ် မှာလည်း ရေခန်းပဲစားရတယ်။ အဲဒီတော့ ကျွန်မတော်တော်ဒုက္ခ ရောက်တယ်။ ထမင်းကိုရေငှဲ့မ ချက်တတ်ဘူး’’လို့ ဒေါ်အောင် ဆန်းစုကြည်က ငယ်စဉ်ကင်း ထောက်ဘ၀အမှတ်တရ အဖြစ်အပျက်တွေကို ရယ်ရယ်မောမောနဲ့ ပြောကြားခဲ့ပါတယ်။

မြန်မာကင်းထောက်ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူငယ်စဉ်က ကင်း ထောက်ဘ၀အတွေ့အကြုံနှင့် ခေါင်းဆောင်နဲ့ နောက်လိုက်ပူး ပေါင်းဆောင်ရွက်ရေး ရဲဘော်ရဲ ဘက်စိတ်မွေးမြူဖို့ အကြံပြုပြော ကြားခဲ့တယ်လို့လည်းသိရပါတယ်။

Source : 7DayDaily

Photo & Video : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ