Local News: တန်ဖိုးမြင့်အိမ်ရာ ရောင်းလို့ရတဲ့ ဘဏ္ဍာငွေနဲ့ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ပေးမယ်

ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

play

 

တန်ဖိုးမြင့် အိမ်ရာတွေကို ရောင်းချလို့ရတဲ့ ဘဏ္ဍာငွေကနေ ၀င်ငွေနည်း ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်မနက်ပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က တန်ဖိုးမြင့် အိမ်ရာစီမံကိန်းဖြစ်တဲ့ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

play

 

"အိမ်ရာတွေဟာ တန်ဖိုးမြင့်သလောက် အဆင့်အတန်းမီရဲ့လား ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိရဲ့လား ဆိုတာတွေကို ထည့်သွင်းတွက်ချက် တည်ဆောက်ဖို့ လိုလာပါပြီ။ ရန်ကုန်ဟာ တော်တော်လည်း ပျက်စီးခဲ့တာတွေ များနေပါပြီ။ ဒါ့ကြောင့် ရန်ကုန်မြို့ကြီးကို ပြုပြင် မွမ်းမံဖို့ ကျွန်မတို့ ဆောင်ရွက်နေပါတယ်" လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနနဲ့ ရွှေတောင်ကုမ္ပဏီတို့ အကျိုးတူတည်ဆောက်ခဲ့တဲ့ ရတနာနှင်းဆီ အိမ်ရာက အစိုးရသစ်လက်ထက်မှာ ဖွင့်လှစ်တဲ့ ပထမဆုံး အဆင့်မြင့်အိမ်ရာ စီမံကိန်းတစ်ခုဖြစ်ပြီး အခန်းတစ်ခန်းကို သိန်း ၆၀၀ ကနေ ၁၂၀၀ အထိ တန်ဖိုးရှိပြီး စတင်ရောင်းချနေပြီလို့ သိရပါတယ်။

Source : 7DayTV

Photos : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ