Local News: ဝင်ငွေနည်းတဲ့ ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာ ဆောက်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အရှေ့တောင်အာရှမှာ အလှအပဆုံးမြို့တော်အဖြစ်မှ ကျဆင်းခဲ့ခြင်းကို အဆင့်အတန်းမြင့်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။

play

 

တန်ဖိုးမြင့်အိမ်ရာတွေ ရောင်းချပြီးရရှိလာတဲ့ ဘဏ္ဍာငွေထဲမှ ၀င်ငွေနည်းပါးတဲ့ ပြည်သူတွေ ဝယ်ယူနိုင်မယ့် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ပေးမယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်တဲ့ ရန်ကုန်မြို့ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ ဖွင့်ပွဲအခမ်းအနားမှာ  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

တတ်နိုင်တဲ့သူရှိသလို မတတ်နိုင်သူတွေလည်းရှိပြီး တန်ဖိုးမြင့်အိမ်ရာတွေက ရရှိတဲ့ဝင်ငွေတွေကနေ တန်ဖိုးနည်းအိမ်ရာတွေမှာသုံးဖို့ ဘဏ္ဍာငွေတစ်ခုအနေနဲ့ စီမံလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ 

ရန်ကုန်မြို့ဟာ အရှေ့တောင်အာရှမှာ အလှအပဆုံးမြို့တော်အဖြစ်မှ ကျဆင်းခဲ့ခြင်းကို အဆင့်အတန်းမြင့်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Source: 7Day Daily

Photos: Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ