Local News: တစ်နိုင်ငံလုံး တီဘီရောဂါဖြစ်ပွားနှုန်းရဲ့ ငါးပုံတစ်ပုံဟာ ရန်ကုန်မှာဖြစ်နေ

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ် နှစ်ခုပေါင်းရဲ့ ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားနှုန်းဟာ မန္တလေးတိုင်းတစ်ခုလုံး ဖြစ်ပွားနှုန်းထက် ပိုမိုများပြားနေတယ်။

play

 

ရန်ကုန်တိုင်းရဲ့ တီဘီဖြစ်ပွားနှုန်းဟာ တစ်နိုင်ငံလုံး တီဘီရောဂါဖြစ်ပွားနှုန်းရဲ့ ငါးပုံတစ်ပုံ ခန့် ရှိတယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနရဲ့ ၂၀၁၅ စာရင်းအရ တစ်နိုင်ငံလုံးမှာ တီဘီရောဂါ ကူးစက်ခံရသူ တစ်သိန်းလေးသောင်းကျော်ရှိပြီး ရန်ကုန်တိုင်းရဲ့ တီဘီကူးစက်ခံရနှုန်းဟာ နှစ်သောင်းကိုးထောင်ကျော်ရှိတာကြောင့် တစ်နိုင်ငံလုံးရဲ့ ၂၀ ရာခိုင်နှုန်း (ငါးပုံတစ်ပုံ)ခန့်ရှိနေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ် နှစ်ခုပေါင်းရဲ့ ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားနှုန်းဟာ မန္တလေးတိုင်းတစ်ခုလုံး ဖြစ်ပွားနှုန်းထက် ပိုမိုများပြားနေတယ်လို့လည်း သိရပါတယ်။

လှိုင်သာယာတို့၊ ရွှေပြည်သာတို့မှာ တစ်နှစ်တစ်နှစ်ကို ဆေးယဉ်ပါးတီဘီလူနာက ၉၉၊ ၁၀၀နီးပါးလောက်ရှိနေပြီး ရန်ကုန်တိုင်းရဲ့ လှိုင်သာယာ၊ ရွှေပြည်သာ နှစ်ခုပေါင်းလိုက်ရင် မန္တလေးတိုင်း တစ်တိုင်းလုံးထက်တောင် ပိုများနေတယ်လို့ ရန်ကုန်တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန တီဘီရောဂါ ဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောထားတာ ဖြစ်ပါတယ်။

ဒီလိုများပြားနေရတာဟာ  ရွှေ့ပြောင်းသွားလာမှု များပြားခြင်းနဲ့ လူဦးရေထူထပ်ခြင်းတို့ကြောင့်ဖြစ်ပြီး  ရန်ကုန်တိုင်းဟာ အခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် တီဘီရောဂါ အဖြစ်အများဆုံးနဲ့ ဆေးယဉ်ပါး တီဘီအဖြစ်အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

Source: 7Day Daily
Photos: RFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ