Local News: ရွှေစက်တော်ဘုရားပွဲ တည်းခိုခတွေ မြင့်တက်မှု မရှိစေဖို့ ဆောင်ရွက်မယ်

သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာရင်  လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောထားပါတယ်။

play

 

လာမယ့် ရွှေစက်တော်ဘုရားပွဲတော်မှာ  ယခင်နှစ်တွေလိုမျိုး တည်းခိုဆောင်ဝါးတဲခတွေ  အဆမတန်မြင့်တက်တာတွေ မဖြစ်စေဖို့ ထိန်းညှိဆောင်ရွက်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

တည်းခိုဆောင်တင်ဒါခေါ်ရာမှာ တင်ဒါတင်သူဟာ စပေါ်ငွေ ကျပ်သိန်း ၃၀ တင်ရမှာဖြစ်ပြီး  တင်ဒါရရှိသူသာ အမှန်တကယ်လုပ်ငန်းလုပ်ကိုင်ရမှာဖြစ်ပြီး တစ်ဆင့်ပြန်ရောင်းချခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာရင်  လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောထားပါတယ်။

ဖေဖော်ဝါရီလမှာ စတင်မယ့် ဘုရားပွဲတော်ကာလအတွက်  တည်းခိုဆောင် ဝါးတဲနေရာပေါ်မူတည်ပြီး  ဈေးမကစားဖို့နဲ့   နေရာအလိုက် ကျပ်နှစ်သောင်းမှ အမြင့်ဆုံး သုံးသောင်းအထိ ဈေးနှုန်းတွေ သတ်မှတ်ထားမှာဖြစ်တယ်လို့ ဘုရားဂေါပကဥက္ကဋ္ဌအဖွဲ့ ဦးမြင့်သိန်းက ပြောထားပါတယ်။ အစိုးရသစ်ဟာ ရွှေစက်တော်ဘုရားဂေါပကအသစ်ကို ၁၉ ဦးနဲ့ ဒီဇင်ဘာ ၁ ရက်က ပြန်လည် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

ယခင်ဂေါပကအဖွဲ့ဟာ ရွှေစက်တော်ဘုရား တည်းခိုဆောင် တင်ဒါတွေ ခေါ်ရာမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ အစိုးရအာဏာရှိသူတွေ၊ ဂေါပကအဖွဲ့နှင့် နီးစပ်သူတွေသာ တင်ဒါအောင်လေ့ရှိပြီး လုပ်ပိုင်ခွင့်ကို တစ်ဆင့်ပြန်လည် ရောင်းချခြင်းကြောင့် ဈေးနှုန်းတွေ မြင့်တက်တာတွေရှိတယ်လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

Photos & Source: 7Day Daily, မိုးထွန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ