Local News: နိုင်ငံတွင်းက တက္ကသိုလ်အားလုံး အဆင့်မြှင့်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

တက္ကသိုလ်တွေမှာ စာဖတ်ရုံမျှမက ဆွေးနွေးခြင်း၊ အမြင်ဖလှယ်ခြင်းတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

play

 

ရန်ကုန်တက္ကသိုလ်တစ်ခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းက တက္ကသိုလ်တွေအားလုံး အဆင့်မြှင့်တင်ဖို့ လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် (ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်း အခမ်းအနားမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

play

 

နိုင်ငံတကာတက္ကသိုလ်တွေကိုကြည့်ပြီး ရန်ကုန်တက္ကသိုလ်ကို ခေတ်နဲ့အညီ ပြုပြင်ဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ခေတ်နဲ့လျော်ညီတယ်ဆိုတာဟာ နိုင်ငံတကာတက္ကသိုလ်တွေမှာ တွေ့ကြုံခဲ့ရတဲ့ သင်ခန်းစာတွေရယူကာ မိမိတို့ရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့  အချက်တွေကို အတုယူကြရမှာဖြစ်တယ်လို့လည်း အကြံပြုပါတယ်။

play

 

စာကြည့်တိုက်တွေမှာ စာအုပ်တွေ စနစ်တကျ ထားရှိဖို့ လိုအပ်ကြောင်း၊ တက္ကသိုလ်တွေမှာ စာဖတ်ရုံမျှမက ဆွေးနွေးခြင်း၊ အမြင်ဖလှယ်ခြင်းတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

Source: 7Day Daily
Photos: Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ