Local News: တပ်မတော်ရေ နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားမှာ မောင်းသူမဲ့ရေယာဉ်ကို ထုတ်ဖော်ပြသ

တပ်မတော်ရေကို Blue Water Navy အဖြစ်ရည်မှန်း တည်ဆောက်နေတယ်လို့ဆိုပါတယ်။

play

 

(၆၉)နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေယာဉ်တွေ တပ်တော်ဝင်တဲ့ အခမ်းအနားမှာ စစ်သည်တင် စစ်ရေယာဉ်တစ်စီး၊ ဒုံးပျံတင် ကော်ဗက်စစ်ရေယာဉ်တစ်စီးနဲ့ တင့်ကားတင်ကမ်းထိုးရေယာဉ်ခြောက်စီးတို့ တပ်တော်ဝင်ခဲ့ပြီး မောင်းသူ မဲ့ရေယာဉ်တစ်စီးကိုပါ စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၄ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ တပ်တော်ဝင်စစ်ရေယာဉ်တွေဖြစ်တဲ့ သံချပ်ကာယာဉ်တွေတင်ဆောင်ထားတဲ့ ကမ်းထိုးရေယာဉ်တွေ၊ တပ်ဖွဲ့တင်ရေယာဉ်ချင်းတွင်း၊ ဒုံးပျံတင် ကော်ဗက်စစ်ရေယာဉ် တပင်ရွှေထီးတို့ ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် မောင်းသူမဲ့ရေယာဉ် Unmanned Surface Vehicle(USV) ဆိုင်ရာအချက်အလက်တွေကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး မောင်းသူမဲ့ရေယာဉ် Unmanned Surface Vehicle(USV) စမ်းသပ်မောင်းနှင်မှုကိုလည်း ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့မှပဲတွေ့ဖူးတာ။ မောင်းသူမဲ့ရေယာဉ်က တစ်ခါမှမတွေ့ ဖူးဘူး။ ရေတပ်ကိုဆက်သွယ်ပြီး မေးတာကောင်းမယ်”လို့ ယခုစမ်းသပ်မောင်းနှင်ခဲ့တဲ့ မောင်းသူမဲ့ ရေယာဉ်နဲ့ပတ်သက်ပြီး  တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

မြန်မာ့ရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်(ရေ)ကို မြန်မာ့ကမ်းရိုးတန်းကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အဆင့်ကနေ ပင်လယ်ပြာအထိ စိုးမိုးနိုင်တဲ့ Blue Water Navy အဖြစ်ရည်မှန်း တည်ဆောက်နေတယ်လို့လည်း  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Myanmar Navy

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ