Local News: အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံပေးဖို့ ဆက်သွယ်နေတဲ့သူတွေကို ဖော်ထုတ်မယ်

မြန်မာနိုင်ငံမှာ မသင်္ကာသူ ၅၀၀ လောက်ရှိနေတယ်လို့ ဆိုပါတယ်။

play

 

လူမှုကွန်ရက်ကနေတဆင့် နိုင်ငံတကာအကြမ်းဖက်အဖွဲ့ အစည်းတွေကို ဆက်သွယ်ပြီး ငွေကြေးထောက်ပံ့ပေးဖို့တောင်းဆိုတာတွေ လုပ်ဆောင်နေတဲ့သူတွေကို အင်တာပိုအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့  ပူးပေါင်းပြီး အရှိန်မြှင့်ဖော်ထုတ်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

"အခုဆိုရင်ဥရောပ၊ အာရှနိုင်ငံတွေမှာ အကြမ်းဖက်သမားတွေရဲ့အန္တရာယ်က အရမ်းသတိထားရပါတယ်။ လူမှုကွန်ရက်တွေမှာ အကြမ်းဖက်သမားတွေ နဲ့ ချိတ်ဆက် ပြီး ပူးပေါင်းဖို့ကမ်းလှမ်းသူတွေ ၊ ငွေကြေးအထောက် အပံ့ပေးဖို့ ကမ်းလှမ်းတဲ့သူတွေ အများအပြားရှိပါတယ် "လို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှရဲအရာရှိကြီး တစ်ဦးက ပြောပါတယ်။

အကြမ်းဖက်အဖွဲ့ အစည်းတွေကို ဆက်သွယ်ပြီး ငွေကြေးထောက်ပံ့ပေးဖို့တောင်းဆိုတာတွေ လုပ်ဆောင်နေတဲ့သူတွေက မြန်မာနိုင်ငံမှာ လူဦးရေ ငါးရာဝန်းကျင်လောက် မသင်္ကာဖွယ်ရာတွေ့ရှိထားပြီး အင်တာပိုအပါအ၀င် အိမ်နီးချင်းရဲတပ်ဖွဲ့တွေက လူမှုကွန်ရက်မှာ စုံစမ်းဖော်ထုတ်ထားတဲ့ အချက်အလက်တွေနဲ့ သတင်းဖလှယ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ၊ လာအို၊ ထိုင်း၊အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေက ရဲတပ်ဖွဲ့ဝင်တွေက လူမှုကွန်ရက်က တစ်ဆင့်အကြမ်းဖက်သမားတွေရဲ့ မြေပေါ်၊ မြေအောက်လှုပ်ရှားမှု အခြေအနေတွေကို စုံစမ်းဖော်ထုတ်ပြီး တရားမ၀င်ခိုးဝင်သူများမရှိအောင် ပူးပေါင်းဆောင် ရွက်နေကြတယ်လို့ သိရပါတယ်။

Source : Democracytoday

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ