Local News: ပျော်ဘွယ်မြို့နယ်မှာ လူ ၁၃၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား

ရွှေညောင်ဘူး တိုက်နယ်ဆေးရုံမှာ လူနာစုစုပေါင်း ၁၈ ဦး တက်ရောက် ကုသမှုခံယူခဲ့တယ်။

play

 

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်က အလှူပွဲနဲ့ ပွဲဈေးတန်းမှာကျွေးမွေးရောင်းချတဲ့ အစားအစာတွေကို စားသုံးခဲ့သူ ၁၃၆ ဦးဟာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေညောင်ဘူးတိုက်နယ် ဖောင်းတောကျေးရွာမှာ ကျင်းပတဲ့ ဓမ္မာစရိယအောင်ပွဲအလှူက အစားအစာတွေနဲ့ အလှူ ပွဲလမ်းသဘင်ဈေးတန်းမှာ ဒီဇင်ဘာ ၂၃ ရက်က ရောင်းချတဲ့ အစားအစာတွေကို စားသောက်ခဲ့သူ ၁,၁၀၀ ခန့်အနက် ၁၃၆ ဦးဟာ အရည်ဝမ်း သွားခြင်း၊ အန်ခြင်းနဲ့ ဖျားခြင်းတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားတဲ့ ဒီဇင် ဘာ ၂၄ ရက် နံနက် ၉ နာရီခန့်ကနေ ဒီဇင်ဘာ ၂၅ ရက်အထိ ရွှေညောင်ဘူး တိုက်နယ်ဆေးရုံမှာ လူနာစုစုပေါင်း ၁၈ ဦး တက်ရောက် ကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။  ကျန်လူနာတွေကိုတော့ ကျေးရွာတွေမှာာ ဖွင့်လှစ်ထားတဲ့  ၂၄ နာရီ ယာယီဆေးခန်းမှာ  ပြင်ပလူနာတွေအဖြစ် ဆေးကုသပေးခဲ့ကာ  သေဆုံးတဲ့ လူနာမရှိဘူးလို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ