Local News: မင်္ဂလာပွဲကအပြန် လူ ၄၀ တင်လာတဲ့ စက်လှေတိမ်းမှောက်ပြီး ကလေးနှစ်ဦး ပျောက်ဆုံးနေ

ဖြစ်တဲ့နေရာက မြိတ်မြို့နဲ့ ၁၄ မိုင်ဝေးတယ်လို့ သိရပါတယ်။

play

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ  မင်္ဂလာပွဲက ပြန်လာတဲ့ စက်လှေတစ်စီး တိမ်းမှောက်ရာက  ကလေးငယ်နှစ်ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လူ ၄၀ တင်ဆောင်လာတဲ့ အဆိုပါစက်လှေဟာ  ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီမှာ ပိန္နဲတောင်ကျေးရွာအုပ်စုအပိုင် ဗဟတ်ချောင်းအကွေ့မှာ  အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာဖြစ်ပါတယ်။

play

 

ပျောက်ဆုံးနေတဲ့ ကလေးမလေးနှစ်ယောက်ဟာ အသက် (၁၂)နှစ်အရွယ်နဲ့ (၁၀)နှစ်အရွယ်ဖြစ်ပြီး ဖြစ်တဲ့နေရာက မြိတ်မြို့နဲ့ ၁၄ မိုင်ဝေးတယ်လို့ သိရပါတယ်။

 ကလေးနှစ်ယောက် သေလား၊ ရှင်လားဆိုတာ စုံစမ်းနေတုန်းဖြစ်ပြီး လောလောဆယ် ပျောက်သွားတဲ့ ကလေးတွေ ရှာဖွေရေးကိုပဲ ဦးစားပေးလုပ်နေတယ်လို့  မြိတ်မြို့မ ရဲစခန်းမှ ရဲအုပ်တင်ထွဋ်က ပြောထားပါတယ်။

Photos & Source: 7Day Daily, MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ