Local News: မောင်တောမှာ လူဦးရေဆိုင်ရာ စိစစ်စစ်ဆေးမှု နှစ်လအတွင်း လူလေးသိန်းခွဲကျော် ပြီးစီး

နိုင်ငံခြားသားတွေ မတရားဝင်ရောက်နေထိုင်မှု ကာကွယ်တားဆီးရေးအဖွဲ့(မကဖ)က အဓိကဆောင်ရွက်တယ်။

play

 

 မောင်တောမှာ  အကြမ်းဖက်မှုတွေဖြစ်ပွားပြီး နှစ်လအတွင်း လူဦးရေစာရင်းနဲ့ လူနေထိုင်မှုဆိုင်ရာ စစ်ဆေးခြင်းတွေကို ပြုလုပ်ရာမှာ လူလေးသိန်းခွဲကျော်အထိ ဆောင်ရွက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်ကျေးရွာတွေမှာ မြေပုံရေးဆွဲခြင်း၊ လူဦးရေစာရင်းတင်ခြင်း၊ လူနေအိမ်တွေမှာ အိမ်ထောင်စုစာရင်းနဲ့ လက်ရှိနေထိုင်သူကို တိုက်ဆိုင်စစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါလုပ်ငန်းကို  ဆွဲတင်စစ်လုပ်ငန်းလို့ ခေါ်ဆိုပြီး မောင်တောနယ်စပ် လုံခြုံရေးအတွက် အရေးပါကာ ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းဖြစ်ကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 ဆွဲတင်စစ်လုပ်ငန်းကို နိုင်ငံခြားသားတွေ မတရားဝင်ရောက်နေထိုင်မှု ကာကွယ်တားဆီးရေးအဖွဲ့(မကဖ)က အဓိကဆောင်ရွက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူပေးရကြောင်း နယ်ခြားစောင့်ရဲအရာရှိ တစ်ဦးက ပြောထားပါတယ်။

Source: 7Day Daily
Photo: Maung Thar Yar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ