Local News: ပါတီဗဟိုကိုအတိုင်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ခြောက်ဆယ်ကျော်ရှိ

တိုင်းဒေသကြီးတွေက ကိုယ်စားလှယ်တွေများတယ်လို့ ဆိုပါတယ်။

play

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဗဟိုလွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနကို တိုင်ကြားခံထားရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ၆၀ ဦးလောက်ရှိတယ်လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနတာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

အတိုင်ကြားခံရသူတွေက ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်းနဲ့ မန္တလေးစတဲ့ တိုင်းဒေသကြီးတွေက အများဆုံးဖြစ်ပြီး တိုင်ကြားခံရသူ တွေထဲက ၁၀ ဦးလောက်ကို အရေးယူသင့်တယ်လို့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ထံ အကြံပြုခဲ့တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

play

 

‘‘ကိုယ်စားလှယ် ၆၀ လောက်တိုင်ကြားခံရတာရှိပါတယ်။ တိုင်းက ကိုယ်စားလှယ်တွေက များတာပေါ့။ သူတို့က လူထုနဲ့ ထိစပ်မှုများတာကိုး။ အထူးသဖြင့်တော့ အမှုဆောင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနည်းတာ၊ ပြည်သူနဲ့ပြောဆိုတဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းက လုပ်ကိုင်ရမယ့် အလုပ်တွေကို ဝင်ရောက်ပြီးတော့ လုပ်ကိုင်တာတွေ အဲဒါတွေက များပါတယ်’’လို့ ပါတီ အရန်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတိုင်ကြားတာတွေရှိခဲ့ရင် တိုင်ကြားသူနဲ့ တိုင်ကြားခံရသူတို့ကို ခေါ်ယူမေးမြန်းပြီး တင်ပြချက်တွေက ခိုင်လုံတယ်ဆိုရင် တိုင်ကြားခံရသူကို အရေးယူသင့်ကြောင်း၊ မည်သည့် ပြစ်ဒဏ်မျိုးပေးသင့်တယ်ဆိုတာ အကြံပြုပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆီကို တင်ပြကာ၊ အရေးယူတာတွေလုပ်မလုပ်ကို ဗဟိုအမှုဆောင်အဖွဲ့က ဆုံးဖြတ်တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : 7DayDaily,Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ