Local News: ပြည်ပကသွင်းတဲ့ ဇိမ်ခံပစ္စည်းတွေကို အခွန်တိုးကောက်တော့မယ်

ကုန်သွယ်မှုလိုငွေလျှော့ချနိုင်ဖို့ အခွန်တိုးမြှင့်ကောက်ခံတာလို့ ဆိုပါတယ်။

play

 

အမေရိကန်ဒေါ်လာ အသုံးလျှော့ချနိုင်ဖို့အတွက် ပြည်ပကနေ တင်သွင်းရမယ့် ဇိမ်ခံပစ္စည်းတွေကို အခွန်တိုးမြှင့်ကောက်ခံဖို့ အစိုးရက စီစဉ်နေတယ်လို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးသဘောတူညီချက်အရ ဇိမ်ခံပစ္စည်းတွေ ပြည်ပကနေ တင်သွင်းတာကို ပိတ်ပင်လို့ မရတာကြောင့် ကုန်ပစ္စည်းတွေ အပေါ်အခွန်တိုးမြှင့်တာတွေနဲ့  အရည်အသွေးကန့်သတ်ချက်တွေကို တိုးမြှင့်ပေးတာကို ပြုလုပ်ဖို့ စီစဉ်နေတာလို့ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

ဇိမ်ခံပစ္စည်းတွေနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ တင်သွင်းတာကို သုံးသပ်ပြီး စိစစ်ခွင့် ပြုဖို့ ယာဉ်နဲ့ အလှကုန်ပစ္စည်းတွေ တင်သွင်းတာကို သုံးသပ်စိစစ်ဖို့ ဒီဇင်ဘာ ၁၉ ရက်က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ဆုံညှိနှိုင်းဆွေးနွေးပွဲမှာ အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားငွေတန်ဖိုး တည်ငြိမ်မှုမရှိတာက လေးနှစ်ဆက်တိုက် ကုန်သွယ်မှု လိုငွေများခဲ့တဲ့ အကြောင်းရင်းတစ်ခုဖြစ်ခဲ့တာကို လက်ရှိအစိုးရက သုံးသပ်ခဲ့ပြီး ကုန်သွယ်မှုလိုငွေလျှော့ချနိုင်ဖို့  ဇိမ်ခံပစ္စည်းတွေတင်သွင်းမှုကို အခွန်တိုးမြှင့်ကောက်ခံတာနဲ့ ထိန်းချုပ်တာတွေပြုလုပ်ဖို့ စီစဉ်ရတာလို့  ဦးခင်မောင်လွင်က ပြောပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ