Local News: ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံမယ်

ဒီဇင်ဘာ လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

play
မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

 

မူဆယ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စု အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့က ဒီဇင်ဘာ လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒီလိုတွေ့ဆုံဆွေးနွေးဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်က အကြောင်းကြားထားပြီး လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း သဘောတူထားတယ်လို့ တအာင်းအဖွဲ့ (TNLA ) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတာဘုန်းကျော်က ပြောခဲ့ပြီး တွေ့ဆုံဆွေးနွေးမယ့်ပုံစံနဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

play

 

လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကေအိုင်အေ ၊တအာင်း ၊ကိုးကန့် နဲ့ AA စတဲ့ လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပေမဲ့ အဖွဲ့အရေအတွက်နဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့မရခဲ့တာကြောင့် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက နိုဝင်ဘာ ၂၀ ရက် မှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ မုံးကိုးဒေသတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေအပါအဝင် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။

Source : 7DayDaily

Photos : Kyaw Min Maung Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ