Local News: မောင်တောမှာ ဘင်္ဂါလီစာရေးတစ်ဦး အသတ်ခံရ

, updated

ဒီဇင်ဘာ ၂၅ ရက်က ရေတွင်းကျွန်းကျေးရွာမှာ အသတ်ခံခဲ့ရတာပါ။

play

 

မောင်တောမြို့နယ် ရေတွင်းကျွန်းကျေးရွာမှာ ကျေးရွာကနေ ခန့်အပ်ထားတဲ့ ဘင်္ဂါလီစာရေးတစ်ဦး ဒီဇင်ဘာ ၂၅ ရက်မှာ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အသတ်ခံရသူက  ရေတွင်းကျွန်း ကျေးရွာအုပ်စုတာဝန်ခံရဲ့ တပည့်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် ရော်ဖီးဖြစ်တယ်လို့ နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"အသတ်ခံရတဲ့ လူသေအလောင်းတစ်လောင်း တွေ့တယ်လို့ သတင်းရတာကြောင့် အခင်းဖြစ်တဲ့နေရာကို သွားရောက်တဲ့အခါ အလောင်းကို မိသားစုဝင်တွေက သယ်သွားကြပြီဖြစ်ပါတယ်၊၊ ဒါကြောင့် နေအိမ်ကို သွားပြီးစစ်ဆေးခဲ့ပါတယ်"လို့ အဆိုပါ ရဲအရာရှိက ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်တွေအရ သေဆုံးသူက ယာဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာနဲ့ လည်ပင်းလှီးဖြတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ငါးခူရနယ်ခြားစောင့်ရဲစခန်းက (ပ) ၄၆/ ၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ