Local News: ပုလဲမြို့နယ်မှာ နဝမတန်းကျောင်းသူတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပုလဲမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။

play

 

မိဘတွေ နေအိမ်မှာမရှိတဲ့အချိန်မှာ န၀မတန်းကျောင်းသူတစ်ဦးက အိမ်ခြံဝင်းထဲမှာရှိတဲ့ သရက်ပင်မှာ ကြိုးဆွဲချသေဆုံးမှု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပုလဲမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ် ရေသာကျေးရွာမှာနေတဲ့ အသက်(၁၇) နှစ်အရွယ် န၀မတန်းကျောင်းသူတစ်ဦးက ဒီဇင်ဘာ ၂၃ရက် ည ၇နာရီလောက်က ကြိုးဆွဲချသေဆုံးခဲ့တာလို့ ချင်ပြစ်နယ်မြေရဲစခန်းမှ ရဲအုပ်ကျော်ဝင်းက ပြောပါတယ်။

‘‘မိဘတွေက ကျေးရွာထဲက အလှူတစ်ခုကိုသွားနေတာ။ မိဘတွေအပြင်သွားနေတဲ့အချိန်မှာ နေအိမ်ခြံဝင်းထဲက သစ်ပင်မှာ ကြိုးဆွဲချသေဆုံးခဲ့တာပါ။ ကြိုးဆွဲချသေဆုံးရခြင်းရဲ့ အကြောင်းရင်းကိုတော့ စစ်ဆေးနေဆဲဖြစ်ပါတယ်။ ရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်’’လို့ ရဲအုပ်ကျော်ဝင်းက ပြောပါတယ်။

ကြိုးဆွဲချသေဆုံးခဲ့တဲ့ န၀မတန်းကျောင်းသူက မိဘတွေ အပြင်သွားနေတုန်းမှာ အိမ်ခြံဝင်းထဲက  ၂၅ ပေလောက်မြင့်တဲ့ သရက်ပင်သစ်ကိုင်းမှာ အရှည်ရှစ်ပေလောက်ရှိတဲ့  နွားချည်ကြိုးနဲ့  ကြိုးဆွဲချသေဆုံးခဲ့တာလို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ