Local News: ချင်းပြည်နယ်ကထွက်တဲ့ ကော်ဖီတွေကို ဗြိတိန်နဲ့ ဆွစ်ဇာလန်က ဝယ်ယူမယ်

ချင်းပြည်နယ်ကနေထွက်တဲ့ တန်းမြင့်ကော်ဖီတွေကို ၀ယ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

play

 

ဆွစ်ဇာလန်နိုင်ငံက NATCoffee နဲ့ ဗြိတိန်နိုင်ငံက PRISMA Coffee ကုမ္ပဏီတို့က ချင်းပြည်နယ်ကနေ ထွက်ရှိတဲ့ကော်ဖီတွေကို ၀ယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဆိုပါကုမ္ပဏီတွေက ကိုယ်စားလှယ်တွေက ချင်းပြည်နယ်ကနေထွက်တဲ့ တန်းမြင့်ကော်ဖီတွေကို ၀ယ်ယူဖို့ စိတ်ဝင်စားတာကြောင့် မြန်မာနိုင်ငံကော်ဖီအသင်းနဲ့အတူ ဒီဇင်ဘာ ၂၀ ကနေ ၂၃ ရက်အထိ ချင်းပြည်နယ်ထဲက ကော်ဖီစိုက်ပျိုးထုတ်လုပ်သူတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ အခုလိုစီစဉ်ခဲ့တာလို့ ဆိုပါတယ်။

play

 

‘‘ဆွစ်နဲ့ အင်္ဂလန်တို့က ကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်အ ဖွဲ့တွေက ချင်းကကော်ဖီတွေကို ၀ယ်နိုင်ဖို့ Pilot Project (ကနဦး စီမံချက်)အနေနဲ့စပြီး လုပ်နေကြတာပါ။ သူတို့လိုချင်တဲ့ အရည် အသွေးရအောင် ပညာပေးတာတွေ လုပ်နေတယ်။ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေလုပ်တယ်။ ဒါပေမဲ့ ချင်းမှာကော်ဖီစိုက်ခင်းတွေရှိ သင့်သလောက်တော့ရှိတယ်။ တော်တော်များများတော့ ပျက်စီးနေပြီ။ ဈေးကွက်မရှိတော့လေ။ သူတို့ကပြန်ပြီး ကော်ဖီစိုက်ပျိုးရေးကို မြှင့်တင်ပေးရမယ့် သဘောရှိတယ်’’လို့ မြန်မာနိုင်ငံကော်ဖီ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်က ပြောပါတယ်။

NAT Coffee ရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာမှာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်က ကော်ဖီတွေကို ကြိုတင်မှာယူနိုင်ပြီလို့ ကြော်ငြာထားပြီး ၂၀၁၇ မေ (သို့မဟုတ်) ဇွန်လလောက်မှာ ကော်ဖီတွေ  စတင်ပို့ပေးနိုင်မယ်လို့ ကြေညာထားပြီး အဆိုပါ ကုမ္ပဏီတွေက ကမ္ဘာ့ကော်ဖီဈေးကွက်မှာ ကော်ဖီရောင်းဝယ်နေတဲ့ ကုမ္ပဏီကြီးတွေဖြစ်လို့ ချင်းပြည်နယ်က ကော်ဖီတွေကို အများအပြားဝယ်ယူမယ့် အလားအလာရှိတယ်လို့ ဦးရဲမြင့်က ပြောပါတယ်။

Source : 7DayDaily

Photos : Ikawa

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ