Local News: မူလတန်းနဲ့ အလယ်တန်းကျောင်းသူတွေကို ကျောင်းဆရာက သားမယားပြုကျင့်ဖို့ ကြံစည်

ဆရာများ နားနေခန်းကိုခေါ်ပြီး သားမယားပြုကျင့်ဖို့ ကြံစည်တာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ ကလေးငယ်က ပြန်လည်ပြောပြခဲ့ပါတယ်။

play

 

စတုတ္ထတန်းနဲ့ ပဉ္စမတန်းကျောင်းသူသုံးဦးကို မူလတန်းလွန်ကျောင်းမှ ကျောင်းဆရာက သားမယားပြုကျင့်ဖို့ ကြံစည်တာကြောင့် မိဘတွေက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဖုန်းကုန်းကျေးရွာအုပ်စု အင်ပျံကျေးရွာ မူလတန်းလွန်ကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာက ခန့်အပ်ထားတဲ့ အသက် ၂၃ နှစ်အရွယ် ဆွဲခန့်ဆရာက ကြံစည်ခဲ့တာဖြစ်ကာ ကျောင်းမသွားချင်တဲ့ကလေးတွေကို မိဘတွေက မေးမြန်းရာက သိရှိခဲ့တာလည်း ဖြစ်ပါတယ်။ စတုတ္ထတန်းကျောင်းသူက ကျောင်းမတက်လိုကြောင်း  မကြာခဏ ပြောဆိုနေတာကြောင့် မိခင်က မေးမြန်းတဲ့အခါမှာ အဆိုပါဆရာက ဆရာများ နားနေခန်းကိုခေါ်ပြီး သားမယားပြုကျင့်ဖို့ ကြံစည်တာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ ကလေးငယ်က ပြန်လည်ပြောပြခဲ့ပါတယ်။

 ကျေးရွာက ခန့်ထားတာဖြစ်တဲ့အတွက် သူတို့ နဲ့တော့မဆိုင်ဘဲ မှုခင်းဆိုင်ရာအရ ရဲကပဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့  မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး စီမံဌာနမှ တာဝန်ရှိသူတစ်ဦးကပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ