Local News: တစ်ဦးချင်းကားတင်သွင်းမှု ရပ်နားပြီးနောက်ပိုင်း ဒေါ်လာဈေး ဆက်တိုက်ကျဆင်း

တစ်ဒေါ်လာကို ၈၀ ကျပ်ခန့် ဈေးကျဆင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

play

 

တစ်ဦးချင်းကားတင်သွင်းမှု ရပ်နားလိုက်ပြီးနောက်ပိုင်း ပြင်ပဈေးကွက်မှာ  အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ပြီး   တစ်ဒေါ်လာကို ၁,၃၆၅ ကျပ်ခန့်အထိ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဒေါ်လာတန်ဖိုးဟာ  ဒီဇင်ဘာ ၁၇ ရက်က အမြင့်ဆုံးစံချိန်တင်ဈေးအဖြစ် တစ်ဒေါ်လာကို ၁,၄၄၄ ကျပ်ထိ မြင့်တက်ပြီးနောက် တစ်ပတ်ကျော်အကြာမှာ တစ်ဒေါ်လာကို ၈၀ ကျပ်ခန့် ဈေးကျဆင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာချိန်မှာပဲ ဗဟိုဘဏ်ရဲ့တရားဝင် ရည်ညွှန်းငွေလဲနှုန်းက  တစ်ဒေါ်လာကို  ၁,၃၇၀ ကျပ်ဖြစ်ပါတယ်။ လက်ရှိမှာ တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လိုင်စင်ထုတ်ပေးမှုကို ဒီဇင်ဘာ ၂၃ ရက်က စတင်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနက ရပ်ဆိုင်းလိုက်တာကြောင့် ပါမစ် ၁,၀၀၀ ကျော်ကို လိုင်စင်ချထားပေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ပါမစ် အစောင် ၁,၀၀၀  ကျော်အတွက် ဘဏ်မှာငွေစာရင်းဖွင့်လှစ်ရမယ့် အာမခံငွေပမာဏဟာ အမေရိကန်ဒေါ်လာ ငါးသန်းကျော် ရှိပါတယ်။

Source: 7Day Daily
Photos : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ