Local News: သီပေါဘုရင်ရဲ့ ဂူဗိမာန်ကိုသွားပြီးနောက် အိန္ဒိယနောက်ဆုံးဘုရင်ရဲ့ ဂူဗိမာန်ကို ကာကွယ်ရေးဦးစီးချုပ် သွားရောက်

သီပေါမင်းရဲ့ဂူဗိမာန်ကို သွားရောက်အပြီး ဆယ်ရက်အတွင်း သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယအင်ပါယာရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့  ဗဟာဒူးရှားဇဖာရ်(Bahadur Shah Zafar) ရဲ့ ဂူဗိမာန်ကို ဒီဇင်ဘာ ၂၆ ရက် မနက်က သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

  ကာကွယ်ရေးဦးစီးချုပ်ဟာ ဒီဇင်ဘာ ၁၆ ရက်ကလည်း အိန္ဒိယနိုင်ငံက သီပေါမင်းရဲ့ဂူဗိမာန်မှာ ပြုလုပ်တဲ့ သီပေါမင်းနတ်ရွာစံသက် နှစ်(၁၀၀) ပြည့် အလှူအခမ်းအနားကို ဒုသမ္မတဦးမြင့်ဆွေနဲ့အတူ တက်ရောက်ခဲ့ပါသေးတယ်။ 

play

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရန်ကုန်မြို့ ဒဂုံမြို့နယ် ရှိ ဗဟာဒူးရှားဇဖာရ်၏ဂူဗိမာန်သို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့တာဖြစ်ပြီး ဂူဗိမာန်တာဝန်ရှိသူတွေနဲ့  တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။  ဂူဗိမာန်အတွက် လိုအပ်တာတွေကို  ဖြည့်ဆည်းပေးနိုင်ဖို့ စီမံဆောင်ရွက်ပေးခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

play

 

အိန္ဒိယနိုင်ငံရှိ မြန်မာနောက်ဆုံးဘုရင် သီပေါမင်းရဲ့ဂူဗိမာန်ကို သွားရောက်အပြီး ဆယ်ရက်အတွင်း မြန်မာနိုင်ငံရှိ အိန္ဒိယအင်ပါယာနောက်ဆုံးဘုရင်ရဲ့ ဂူဗိမာန်ကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Photos & Source: 7Day Daily , Senior General Min Aung Hlaing (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ