Local News: ရခိုင်အကြမ်းဖက်မှု ပြည်ပနဲ့ ဆက်စပ်နေတာကြောင့် ပိုရှုပ်ထွေးတယ်လို့ ဒုသမ္မတ ပြော

ယခင်ဖြစ်စဉ်တွေနဲ့ မတူဘဲ ကွဲပြားနေတယ်။

play

 

မောင်တောဒေသအ ကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဟာ ယခင်ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့မတူဘဲ ပြည်ပနဲ့ ဆက်စပ်နေတာကြောင့် ပိုမိုသိမ်မွေ့ရှုပ်ထွေးနေတယ်လို့  စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၆ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပြီး ဒုတိယသမ္မတဦးမြင့်ဆွေက မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်ဟာ ယခင်ဖြစ်စဉ်တွေနဲ့ မတူဘဲ ကွဲပြားနေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မောင်တောဖြစ်စဉ်ဟာ ၂၀၁၂ နောက်ပိုင်း အကြမ်းဖက်အဖွဲ့အစည်းတွေက စနစ်တကျဖွဲ့စည်းပြင်ဆင်ပြီး နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း၊ ပြည်ပနဲ့လည်းဆက်စပ်နေတဲ့ ကွင်းဆက်တွေ ပေါ်ပေါက်နေတာကြောင့် ပိုမိုသိမ်မွေ့ရှုပ်ထွေးနေတာ အမှန်ပဲဖြစ်ကြောင်း ဦိးမြင့်ဆွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မောင်တောဒေသမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ဒုတိယသမ္မတဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ကော်မရှင်ကို ဒီဇင်ဘာ ၁၇ရက်က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, နိုင်ငံတော်သမ္မတရုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ