Local News: ရန်ကုန်မှာ ကားပါကင် ရပ်နားခတွေ ပြန်လည်ကောက်ခံမယ်

ကန်ထရိုက်ရရှိသူတွေဟာ အခြားသူတွေထံ အဆင့်ဆင့်  လွှဲပြောင်းရောင်းချ လုပ်ကိုင်မှုတွေရှိခဲ့ပြီး  စနစ်တကျ တာဝန်ယူကိုင်တွယ်ခြင်းမရှိတာတွေ များလာတာကြောင့် အဆိုပါစနစ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်တယ်။

play

 

ရန်ကုန်မြို့မှာ ယာဉ်ရပ်နားရမယ့် နေရာလိုင်းတွေရေးဆွဲပြီး ယာဉ်ရပ်နားခတွေကို ပြန်လည်ကောက်ခံမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက် တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားခဲ့တာဖြစ်ပြီး သတ်မှတ်ချက်တွေလုပ်ပြီး မျဉ်းတွေရေးဆွဲကာ ယာဉ်ရပ်နားခကို စနစ်တကျကောက်ခံသွားမယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခကောက်ခံမှုကို ယခင်အစိုးရလက်ထက် အစောပိုင်းကာလအထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လုပ်ငန်းရှင်တွေကို ကန်ထရိုက်ချပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကန်ထရိုက်ရရှိသူတွေဟာ အခြားသူတွေထံ အဆင့်ဆင့်  လွှဲပြောင်းရောင်းချ လုပ်ကိုင်မှုတွေရှိခဲ့ပြီး  စနစ်တကျ တာဝန်ယူကိုင်တွယ်ခြင်းမရှိတာတွေ များလာတာကြောင့် အဆိုပါစနစ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်တယ်လို့လည်း ဒေါ်နီလာကျော်က ပြောထားပါတယ်။

Source: 7Day Daily
Photos: AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ