Local News: အမျိုးသမီးဗိုလ်လောင်းတွေ လိုအပ်ရင် စစ်မြေပြင်ထိ တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း တပ်ချုပ်ပြောကြား

ကမ္ဘာ့နိုင်ငံအသီးသီးမှာ အမျိုးသမီးတွေကို အမျိုးသားနည်းတူ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်စေလျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

play

 

အမျိုးသမီးဗိုလ်လောင်းတွေအနေနဲ့ လိုအပ်ရင် စစ်မြေပြင်အထိ တိုက်ပွဲဝင်နိုင်ကြမယ်လို့ ယုံကြည်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က တပ်မတော်(ကြည်း)၊ ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)  စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃) သင်တန်း ဆင်းပွဲမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။  သင်တန်းကာလအတွင်း အုပ်ချုပ်မှုအတတ်ပညာသာမက စစ်မှုဆိုင်ရာ အတတ်ပညာတွေကိုပါ သင်ကြားပေးထားပြီးဖြစ်တာကြောင့် လိုအပ်ရင် စစ်မြေပြင်အထိ တိုက်ပွဲဝင်နိုင်မှာဖြစ်ကြောင်း တပ်ချုပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားအရင်းအမြစ်ကို အသုံးပြုရာမှာ ယောက်ျား၊ မိန်းမ မခွဲခြားဘဲ ပါဝင်ဆောင်ရွက်နေကြတဲ့အပြင် နိုင်ငံအလိုက်မိမိနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့အတွက် ခေတ်မီတပ်မတော်တွေ တည်ဆောက်ရာမှာလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ အမျိုးသမီးတွေကို အမျိုးသားနည်းတူ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်စေလျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Source: 7Day Daily
Photos: Senior General Min Aung Hlaing/ Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ