Local News: တစ်နိုင်ငံလုံးမှာ အိမ်ခန်းပေါင်း ၁ ဒသမ ၈ သန်း အကောင်အထည်ဖော်မယ်

စတင်အကောင်အထည်ဖော်ဖို့ မြေရာရှာဖွေမှုတွေ ပြုလုပ်နေပြီ။

play

 

မြန်မာနိုင်ငံရဲ့အိမ်ရာဖွံ့ဖြိုးရေးအတွက် တစ်နိုင်ငံလုံးမှာ ငါးနှစ်စီမံကိန်းအနေနဲ့ အခန်းပေါင်း ၁ ဒသမ ၈ သန်းကို အကောင်အထည်ဖော် တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ အထိ ရန်ကုန်နဲ့မန္တလေးတို့ကို အဓိကထားပြီး အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာပါ အဆိုပါပမာဏကို တည်ဆောက်ဖို့  လျာထားကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောကြားထားပါတယ်။ ယခုရေးဆွဲထားတဲ့ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးရေးခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထက်က တည်ဆောက်ထားကာ လက်ရှိရောင်းချလျက်ရှိတဲ့ အခန်းတွေ မပါဝင်ဘူးလို့လည်း  သိရပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ စတင်အကောင်အထည်ဖော်ဖို့ မြေရာရှာဖွေမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့လည်း ဒေါ်မီမီတင်က ပြောကြားထားပါတယ်။

Source: 7Day Daily
Photos: Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ