Local News: ဖားကန့်မှာ မြေစာပုံပြိုကျ လူ ၅၀ ကျော် မြေပိပျောက်ဆုံးနေ

ဥရုချောင်း အနောက်ဘက်ကမ်းက ကံခါစုပေါင်းစွန့်ပစ်မြေစာပုံ ပြိုကျခဲ့တာပါ။

play

 

ဒီဇင်ဘာ ၂၈ နေ့ ညနေပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအုပ်စုထဲက ဆွတ်အောင်ကျေးရွာနဲ့ မက်လက်ချောင်ကျေးရွာနား ဥရုချောင်း အနောက်ဘက်ကမ်းရှိ ကံခါ စုပေါင်းစွန့်ပစ်မြစာပုံ ပြိုကျခဲ့လို့ လူငါးဆယ်ကျော် မြေပိပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပြိုကျတဲ့ စွန့်ပစ်မြေစာပုံဟာ တစ်သုံးလုံး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေသူ ၅၀ လောက် မြေမြှုပ်သေဆုံးနိုင်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

play

 

“ကနဦးရတဲ့သတင်းတော့ ၅၀ လောက်ပိနေတယ်လို့ ပြောတာဘဲ၊ အခုကယ်ဆယ်ရေးတွေ မလုပ်နိုင် သေးဘူး။ ဘက်ဖိုးကား ခြောက်စီးကတော့ ရှာဖွေဖို့ ရောက်နေပြီလို့ပြောတယ်။ ထပ်ပြီးတော့ အက်ကြောင်းတွေ ရှိနေတယ်တဲ့၊ ပြန်ပြိုကျမယ့်အလား အလာရှိတယ်ပေါ့၊ ဒါကြောင့် ရှာဖွေရေး မလုပ်နိုင်သေးဘူးလို့ ခုနကပဲဖုန်းဆက်လာတယ်၊ အခု ကျနော်တို့ အဲဒီကိုသွားနေကြတယ်”လို့ ဖားကန့်မြို့နယ် သင်္ခါလူမှုကူညီရေးအသင်း တာဝန်ရှိသူ ဦးခင်မောင်က ပြောပါတယ်။

မြေစာပြိုကျမှုကြောင့် နစ်မြုပ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၂၉ နေ့ မနက်မှာ ဖော်ယူဖို့ အစီအစဉ်တွေရှိပေမဲ့ အဲဒီမှာ မြေတွေထပ်ပြီးပြိုမယ့် အနေအထားတွေရှိလို့ ကယ်ဆယ်ရေးမလုပ်နိုင်သေးဘူးလို့ ဖားကန့်အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးတင်စိုးက ဒီဗွီဘီ သတင်းဌာနကို ပြောပါတယ်။

Source & Photos : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ