Local News: လင်မယားစကားများရင်း ခင်ပွန်းက ဓာတ်ဆီလောင်း မီးရှို့လို့ နှစ်ဦးစလုံး မီးလောင်မှုဖြစ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဆေးကုသဖို့ ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

play

 

ဟင်္သာတမြို့မှာ ဒီဇင်ဘာ ၂၇ ရက် မနက် ၁ နာရီခွဲလောက်က လင်မယားချင်း စကားများတာကနေ ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်းမီးရှို့ခဲ့လို့ နှစ်ဦးစလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့  ဟင်္သာတမြို့မရဲစခန်းကနေ သိရပါတယ်။

‘‘ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ တိတိကျကျမပြောနိုင် သေးပါဘူး။ နှစ်ယောက်စလုံး ရန်ကုန်ဆေးရုံကို ချက်ချင်းပို့လိုက်ရတာဆိုတော့ အသေးစိတ်စစ်မေး တာတွေမလုပ်နိုင်သေးပါဘူး’’လို့ ဟင်္သာတမြို့မရဲစခန်းမှ ဒုရဲအုပ်ဟန်ဝင်းထွဋ်က ပြောပါတယ်။

ဟင်္သာတမြို့ ဥယျာဉ်တောင် ရပ်ကွက်မှာ အသက်(၁၉)နှစ်အရွယ်ရှိ ဇနီးဖြစ်သူ မခိုင်သဇင်နဲ့ အသက်(၂၅) နှစ်လောက်ရှိတဲ့ ခင်ပွန်းကိုတင်နိုင်ဦးတို့နှစ်ဦး စကားများရန်ဖြစ်တာကနေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မီးလောင်မှုကြောင့် အဆိုပါလင်မယားနှစ်ဦးကို ဟင်္သာတပြည်သူ့ဆေးရုံကြီးကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဆေးကုသဖို့ ပို့ဆောင်ထားပြီး အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး  မီးရှို့မှုကျူးလွန်ခဲ့တဲ့ ကိုတင်နိုင်ဦးကို ဟင်္သာတမြို့မ ရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၃၅/၃၀၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ